အမေရိကန်မှာ အကျဉ်းသားတွေကွပ်မျက်မှုက (၅)နှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့ဟုဆို
Pika (NSS) - မေ ၃ဝ
မေလ(၂၉)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ရဲ့အကျဉ်းသားတွေကို ကွပ်မျက်မှုဟာ၂၀၁၈ ခုနှစ်နောက်ပိုင်းကတည်းက နှစ်စဉ်ပိုများလာတယ်လို့ သိရပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုပါက ကွပ်မျက်မှုတွေဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအရေအတွက်ကို တိုးမြင့်လာခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ လူပေါင်း(၂၄)ဦးကွပ်မျက်ခံခဲ့ရပြီး လူ(၁၈)ဦးကို ကွပ်မျက်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုပါက (၃၃)ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၉ ခုနှစ်မှာ လူ (၉၈)ဦးကို ကွပ်မျက်ပြီးနောက်ပိုင်းတည်းက အမေရိကန်မှာကွပ်မျက်မှုတွေ နည်းပါလာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း အမြင့်ဆုံးပြစ်ဒဏ်(၂၅)ကြိမ်ချမှတ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကိန်းဂဏန်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်းဖြစ်တယ်လို့လည်းသိရပါတယ်။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း သေဒဏ်ပေးခံခဲ့ရသူတွေထဲမှာ နိုင်ငံတွင်းမှာ ပထမဆုံးလိင်ပြောင်းအမျိုးသမီး Amber McLaughlin ပါဝင်တယ်လို့လည်း သိရပါတယ်။
လူသတ်သမားနဲ့အဓ္ဓမပြုကျင့်ခဲ့သူတစ်ဦးဖြစ်တဲ့ Amber McLaughlin ကို ၂၀၂၃ ခုနှစ် ဇန်န ဝါရီလမှာ မစ်ဆူရီပြည်နယ်မှာ ကွပ်မျက်ခဲ့တာလည်းဖြစ်ပါတယ်။ ပြည်နယ်အာဏာပိုင်တွေဟာ ကွပ်မျက်မှု(၂၄)ခုစလုံးကို ဆေးထိုးကွပ်မျက်ခဲ့တာလို့လည်း သိရပါတယ်။ အိုင်ဒါဟို၊ မစ္စစ္စပီ၊ အိုကလာဟိုးမား၊ တောင်ကာရိုလိုင်းနားနဲ့ယူတာပြည်နယ်တို့မှာ သေနတ်နဲ့ကွပ်မျက်ခွင့်ပြုထားပြီး အလာဘားမား၊ အာကန်းဆက်၊ ဖလော်ရီဒါ၊ ကန်တက်ကီ၊ မစ္စစ္စပီ၊ အိုကလာဟိုးမား၊ တောင်ကာရိုလိုင်းနားနဲ့ တန်နက်ဆီပြည်နယ်တို့မှာ ကွပ်မျက်မှုအတွက် လျှပ်စစ်ထိုင်ခုံ အသုံးပြုခွင့်ပေးထားတယ်လို့လည်းသိရပါတယ်။ ဒါ့ပြင် အလာဘားမားအပါအဝင် ပြည်နယ် (၇)ခုမှာ ကွပ်မျက်မှုအတွက် ဓါတ်ငွေ့ခန်းတွေကို အသုံးပြုခွင့်ပေးထားတယ်လို့လည်းသိရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုပါက ၂၀၂၃ ခုနှစ်အတွင်း ကွပ်မျက်မှု(၁၁၅၃)ခုရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာလုပ်ဆောင်ခဲ့တဲ့ ကွပ်မျက်မှုနဲ့နှိုင်းယှဉ်မယ်ဆိုပါက (၃၀)ရာခိုင်နှုန်းကျော်တိုးလာတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ခန့်မှန်းခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ၂၀၂၃ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့ ကွပ်မျက်မှုတွေဟာ လူ(၁၆၃၄)ဦးကို ကွပ်မျက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်းဖြစ်တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချောင်းနှစ်ခွ (၅၁)ရက်တိုက်ပွဲ သို့မဟုတ် သက်ရှိစည်းရိုးတို့ရဲ့ စိတ်ဓာတ်ရေးရာအောင်ပွဲ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း