ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြသူတွေက မက္ကဆီကိုနိုင်ငံမှာရှိတဲ့ အစ္စရေးသံရုံးကို မီးရှို့တိုက်ခိုက်မှုတွေပြုလုပ်
Pika (NSS) - မေ ၃ဝ
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့မှာရှိတဲ့ အစ္စရေးသံရုံးရဲ့ နံရံကို ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြသူတွေက မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေဟာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားပြီးနောက် ယခုလိုမီးရှို့မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ရာဖဲလ်မြို့အပေါ် အစ္စရေးရဲ့ထိုးစစ်ဆင်နေမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူ(၂၀၀)ဝန်းကျင်ဟာ Lomas de Chapultepec ရပ်ကွက်မှာရှိတဲ့ အစ္စရေးသံရုံးအပြင်ဖက်မှာ စုဝေးခဲ့ကြတာလို့လည်းသိရပါတယ်။ မျက်နှာပေါ်မှာ ပုဝါတွေပတ်ထားတဲ့ ဆန္ဒပြသူအချို့ဟာ မက္ကဆီကိုအဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့တွေကို ကျောက်တုံးတွေ၊ မီးပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ပြီး သံရုံးကိုဝင်ရောက်ဖို့တားဆီးထားတဲ့ အတားအဆီးတွေကို ချိုးဖောက်ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေမှာ ရဲတပ်ဖွဲ့တွေဟာ မီးလောင်ကျွမ်းနေတဲ့ အစ္စရေးသံရုံးရဲ့နံရံကို မီးငြိမ်းသတ်ဖို့ကြိုးပမ်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် ဆန္ဒပြသူတွေဟာ အစ္စရေးသံရုံးကို မီးရှို့ဖို့ကြိုးပမ်းနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားနေတာကိုလည်း ဗီဒီယိုဖိုင်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့ အစ္စရေးကို ကုလသမဂ္ဂတရားရုံးက ပြီးခဲ့တဲ့မေလ(၂၄)ရက်နေ့မှာ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို အစ္စရေးဘက်က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသအပေါ်ထိုးစစ်ဆင်နေတဲ့ ၎င်းရဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာတရားရုံးရဲ့ စီရင်ချက်တွေနဲ့ကိုက်ညီတယ်လို့လည်း အစ္စရေးကပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးမြို့ပေါ်တွင် PDF အဖွဲ့မှ ဒုတပ်ရင်းမှူးအဆင့်ရှိသူ ဒီမို(ခ)ရန်နိုင်ကို လုံခြုံရေးတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း