တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး လူ(၈)ဦးသေဆုံး
Pika (NSS) - မေ ၂၅
တရုတ်နိုင်ငံအလယ်ပိုင်းမှာ အမျိုးသားတစ်ဦးက ဓါးနဲ့လိုက်ထိုးမှုကြောင့် လူ(၈)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး CCTV သတင်းဌာနက မေလ(၂၄)ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါတယ်။
အဆိုပါ ဓါးထိုးမှုဟာ Hubei ပြည်နယ် Xiaogan မြို့မှာ မေလ(၂၃)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ CCTV သတင်းဌာနကဖော်ပြခဲ့ပါတယ်။ အသက်(၅၃)နှစ်အရွယ် Lu ဆိုတဲ့အမျိုးသားဟာ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့တာဖြစ်ပြီး ယခင်ကစိတ်ပိုင်းဆိုင်ရာကုသမှုတွေ ခံယူခဲ့ရသူဖြစ်တယ်လို့လည်း သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး Lu ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူဟာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆင်ဟွာသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဟာ ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပြီး နိုင်ငံသားတွေကို သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဓါးထိုးမှုဖြစ်စဉ်တွေ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၀)ရက်နေ့က Jiangxi ပြည်နယ်မှာရှိတဲ့ မူလတန်းကျောင်းတစ်ခုမှာ အမျိုး သမီးတစ်ဦးက သစ်သီးလှီးတဲ့ဓါးနဲ့လိုက်ထိုးမှုကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယခုလအတွင်း တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ယူနန်ပြည်နယ်မှာရှိတဲ့ ဆေးရုံတစ်ခုမှာ အမျိုးသားတစ်ဦးက ဓါးနဲ့လိုက်ထိုးမှုကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအတွင်း၌ ဒီဂျစ်တယ်ငွေကြေးဖြစ်သော Bitcoin ကို ရောင်းဝယ်လဲလှယ်ပါက တရားစွဲအရေးယူမည်ဟု ဗဟိုဘဏ် သတိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း