တောင်ကြီး-ကျိုင်းတုံကားလမ်းတွင် (၁၂)ဘီးကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - မေ ၂၄
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံကားလမ်းတွင် (၁၂)ဘီးကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ယနေ့(မေလ ၂၄ ရက်)၊ မွန်းလွဲ ၁နာရီအချိန်ခန့်က မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံကားလမ်း၊ မိုင်တိုင်အမှတ်၊ ၅၀၇.၅ကီလိုမီတာနှင့် ၅၀၈ ကီလို မီတာကြားရှိ အကွေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအကွေ့တွင် Nissan (၁၂)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်ခြမ်းရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့နောက် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံး၍ ယာဉ်နောက်လိုက်အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို စေတနာရှင်ပရဟိတအသင်းက မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ် အလယ်ပိုင်း နှင့် မြောက်ပိုင်းဒေသရှိ လူဦးရေ တစ်သန်းခွဲကျော်မှာ ဆေးရုံတက်မရသည့်အခြေအနေဖြစ်နေဟု UNOCHA ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း