ယူကရိန်းအနေဖြင့် ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် နယ်မြေများအားလုံးကို ပြန်လည်ထိန်းချုပ်ရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတပြော
Pika (NSS) - မတ် ၁၆
ယူကရိန်းသည် ရုရှား၏ ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် တစ်ချိန်က သိမ်းပိုက်ခဲ့သော နယ်မြေများအားလုံးကို ပြန်လည်ထိန်းချုပ်ရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မလုပ်ဆောင်ပါက ငြိမ်းချမ်းရေးရရှိရန်မှာ မဖြစ်နိုင်ကြောင်း မက်ခရွန်က ပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံကို ပြင်သစ်၏ ရန်သူအဖြစ် မက်ခရွန်က ပြတ်ပြတ်သားသားဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။ မက်ခရွန်က "ပြင်သစ်က ရုရှားနဲ့ စစ်ပွဲဖြစ်ပွားနေတာမျိုးမဟုတ်ဘဲ ဒီပဋိပက္ခမှာ ယူကရိန်းကို ထောက်ခံနေတာမျိုးပဲဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ဒီနေ့မှာ ရုရှားက ကျွန်တော်တို့ရဲ့ ရန်သူပဲဖြစ်ပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယူကရိန်းနယ်မြေတွေကို ပြန်မပေးဘူးဆိုရင် ငြိမ်းချမ်းရေးကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကို ရုရှားဘက်က သိအောင်ပြောလိုပါတယ်"ဟု ပြောဆိုခဲ့သည်။
ပြင်သစ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် သွယ်ဝိုက်ပါဝင်ပတ်သက်နေခြင်းကြောင့် ရုရှားကို ရန်သူအဖြစ် ဖော်ပြပြောဆိုခဲ့ခြင်းမှာ မှန်ကန်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ဒီမစ်ထရီပက်စကို့ဗ်က "ရုရှားဟာ ပြင်သစ်ရဲ့ ရန်သူဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ပြင်သစ်ဟာ ယူကရိန်းပဋိပက္ခမှာ ပါဝင်ပတ် သက်နေပြီးသားမလို့ပါ။ ပြင်သစ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ သွယ်ဝိုက်ပါဝင်ပတ်သက်နေတာပါ။ ဒါပေမဲ့ ဒီလိုပြောဆိုချက်တွေအရတော့ ပြင်သစ်ဟာ ဒီပဋိပက္ခမှာ သူတို့ရဲ့ ပါဝင်ပတ် သက်မှု အတိုင်းအတာကို တိုးမြှင့်ဖို့ စိတ်မဝင်စားဘူးဆိုတာတော့ သေချာပါတယ်။"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကို ကိုယ်တိုင်ကြီးကြပ်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ