Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပိုင်နက်နယ်မြေအတွင်း ဝင်ရောက်လာမည့် တရုတ်တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော

Pika (NSS) - မတ် ၈ 

ထိုင်ဝမ်ပိုင်နက်အတွင်းသို့ တရုတ်၏ တိုက်လေယာဉ်များ (သို့မဟုတ်) စစ်သင်္ဘောများဝင်ရောက်လာပါက ကိုယ့်ကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "ရန်သူတွေရဲ့လေယာဉ်တွေ ဒါမှမဟုတ် စစ်သင်္ဘောတွေက ကျွန်တော်တို့ရဲ့ လေပိုင်နက်၊ ရေပိုင်နက်တွေကို ကျူးကျော်ဝင်ရောက်လာပါက ကျွန်းရဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် သင့်လျော်တဲ့လက်တုံ့ပြန်မှုအစီအစဉ်တွေပြုလုပ်ဖို့ ရှေ့တန်းက တပ်မှူးတွေကို တရားဝင်ခွင့်ပြုပေးထားပါတယ်" ဟု ထုတ်ပြန်ထားသည်။


မတ်လ(၇)ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်အပေါ် ပထမဆုံး တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အမြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုခဲ့ပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို အမြောက်များ (သို့မဟုတ်) ဒုံးကျည်များ အသုံးပြုကာ ပထမဆုံးတိုက်ခိုက်မှုကို လုပ်ဆောင်နိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဟောင်း Tang Yao-ming က သတ်မှတ်ပြောခဲ့သည်။

သို့သော်လည်း ထိုင်ဝမ်ကျွန်းကို အမြောက်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်စရာမလိုဘဲ မငြိမ်မသက် ဖြစ်အောင်လုပ်ဆောင်နိုင်သည့် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းကြောင့် ကာကွယ်ရေးဝန်ကြီး ဟောင်း Tang Yao-ming ပြောဆိုခဲ့သော သတ်မှတ်ချက်များမှာ လက်ရှိအချိန်တွင် ပြောင်းလဲသွားပြီဖြစ်ကြောင်း Chiu Kuo-cheng က ပြောခဲ့သည်။

ထို့ကြောင့် တရုတ်ဘက်မှ ပထမဆုံးအကြိမ်ပစ်ခတ်တိုက်ခိုက်မှုကို စောင့်ဆိုင်းနေမည့်အစား ထိုင်ဝမ်ပိုင်နက် အတွင်းသို့ တရုတ်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝင်ရောက်လာမှုကို စစ်ရေးအရကျူးကျော်မှု (ပထမဆုံး လှုပ်ရှားမှု) တစ်ခုအဖြစ် ထိုင်ဝမ်စစ်တပ်က သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က "တရုတ်ဘက်က ပထမဆုံးလှုပ်ရှားမှုကို လုပ်ဆောင်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုင်ဝမ်စစ်တပ်ဟာ အဲဒီလှုပ်ရှားမှုတွေကို လက်တုံ့ပြန်တိုက်ခိုက်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ ပထမဆုံးလှုပ်ရှားမှုတွေကို လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေကိုပဲ လုပ်ဆောင်မှာပါ" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကချင်တိုက်ပွဲတွေအကြောင်း၊ သင်္ကန်းညီနောင် ၃၅၅ ကျသွားပြီလား၊ မချစ်လို့ပစ်သတ်တဲ့ ဝက်လက် PDF အတိုင်ခံရပြီ၊ ဦးတေဇသမီးကို ပစ်မှတ်ထားတဲ့ JFM (၈-၃-၂ဝ၂၄)

RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved