မနက်ဖြန်တွင်ဖွင့်လှစ်မည့် အကြိမ်(၆၀)မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း (၅)သိန်းနီးပါး ရောင်းချနိုင်ခဲ့
စော (NSS) - ဖေဖော်ဝါရီ ၂၉
မနက်ဖြန်(မတ်လ ၁ရက်)တွင် ဖွင့်လှစ်မည့် အကြိမ် (၆၀) မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း (၅) သိန်းနီးပါးကို ရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။
အကြိမ် (၆၀)မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို “က”အက္ခရာမှ “ဇ”အက္ခရာအထိ အက္ခရာ (၈)လုံးအပေါ်မှ (၇၅)ရာခိုင်နှုန်းဖြစ်သော ထီစာအုပ်ပေါင်း (၄၉၀၉၁၂)အုပ်ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထီလက်မှတ်ရောင်းရငွေအဖြစ် ကျပ်သန်း (၄၉၀၉ ဒသမ ၁၂၀) ရရှိခဲ့ပြီး (၇၀)ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း(၃၄၃၆ ဒသမ ၃၈၄) ကို ထီဆုငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။အဆို ပါ (၇၀)ရာခိုင်နှုန်းကို ခွဲဝေချီးမြှင့်သွားမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကိုလည်း ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အကြိမ်(၆၀)မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်ချီးမြှင့်မည့် အထူးဆုသည် ငွေကျပ်သိန်း(၅ဝဝဝ)တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ)တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြိမ် (၆၀)မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲကို မနက်ဖြန် (မတ်လ ၁ ရက်)တွင် သီးခြားခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ ရောင်းရငွေအပေါ်မှ (၇၀)ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို မနက်ဖြန် (မတ်လ ၁ ရက်) ၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် (၁၀)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများသည် နှစ်ကာလကြာ မြင့်နေပြီဖြစ်သဖြင့် အချို့သော စီမံကိန်းများမှာ ထွက်ရှိမှုလျော့ နည်းနေဟု စွမ်းအင်ဝန်ကြီးပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း