နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ ကောလာဟလများဖြန့်ကာ ငွေကြေးမတန်တဆတောင်းခံသူများနှင့်ကြားခံပွဲစားများကို အရေးယူမည်
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၅
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ ကောလာဟလများဖြန့်ကာ ငွေကြေးမတန်တဆတောင်းခံသူများနှင့် ကြားခံပွဲစားများကို အရေးယူသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဖေဖော်ဝါရီလ ၂၀ ရက်တွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သည် နိုင်ငံကူးလက်မှတ် များကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် လူဦးရေ (၂၇၀ဝ)ကို ပုံမှန်အတိုင်းစိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်း တုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေနှင့် ပဲခူးမြို့ များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲများတွင် လည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ် စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ ကောလာ ဟလသတင်းများထွက်ပေါ်လာခဲ့ပြီး နိုင်ငံကူးလက် မှတ်ရယူလိုသူများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် အမှန်တ ကယ်သွားရောက်လိုသူများကို ပုံမှန်လုပ်ငန်းစဉ်များ အတိုင်း ခွင့်ပြုအရေအတွက်ဖြင့် ပုံမှန်ထုတ်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံးကဆိုထားသည်။
ထို့ပြင် ကောလာဟလ သတင်းများဖြန့်၍ ငွေ ကြေးအဆမတန်တောင်းယူသူများနှင့် ကြားခံပွဲစား များကိုလည်း ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ နစကအနေဖြင့် ပြီးခဲ့သော ရက် ပိုင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ တည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် ပြည်တွင်း၌ နိုင်ငံကူးလက်မှတ်လုပ်ကိုင်လာသူ များပြားလာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပြိုင်လူသစ်စုလာသည့်လက်နက်ကိုင်များကြောင့် ပြည်တွင်းစစ်မီး . . . (ဆောင်းပါး)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း