သင်္ကြန်ကာလအသုံးပြုရန် ပြည်သူ့ရင်ပြင်၌ တည်ဆောက်နေသည့် မြေအောက်ရေလှောင်ကန် ၉၀ ရာခိုင်နှုန်းပြီးစီး
ယွန်း (NSS) - ဖေဖော်ဝါရီ ၂၂
သင်္ကြန်ကာလတွင် အသုံးပြုရန် ပြည်သူ့ရင်ပြင်၌ တည်ဆောက်နေသည့် မြေအောက်ရေလှောင်ကန် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်ထံမှ သိရသည်။
ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြည်နှင့် ပြည်သူ့ဥယျာဉ်အတွင်း တည်ဆောက်နေသည့် အဆိုပါ မြေအောက်ရေကန်သည် ရေဂါလံ့(၂)သိန်းဆံ့မည်ဖြစ်ပြီး အလျားပေ(၈၀)၊ အနံပေ(၄၀) နှင့် အနက်(၁၁)ရှိကြောင်း သိရသည်။
ထို့ပြင် ရေတွန်းစက်ရုံသည် အလျားပေ(၄၀)၊ အနံ(၁၈)ပေရှိပြီး 30 HP (22kW) စက်(၄)လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မြေအောက်ရေလှောင်ကန်တည်ဆောက်မှုသည် ၉၀ ရာခိုင်နှုန်းပြီးစီနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်ထံမှ သိရသည်။
အဆိုပါ ရေများကို အများပြည်သူ ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြုမည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ပြီး မကြာမီကျရောက်မည့် သင်္ကြန်ပွဲတော်အတွက်ပါ အသုံးပြုနိုင်ရန် အချိန်မီတည်ဆောက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၄)ခုကို ရန်ကုန်တိုင်းအတွင်း လုပ်ကိုင်ခွင့်ပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း