သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်နိုင်ရေးဆောင်ရွက်မည်ဟုဆို
ယွန်း (NSS) - ဖေဖော်ဝါရီ ၂၂
သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်းကို ယခုနှစ်ဒီဇင် ဘာလအတွင်း ထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဖေဖော်ဝါရီလ(၂၁)ရက်တွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် e-ID Database ရှိစာရင်းများကိုအခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် လက်ရှိ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကို နစက၏ခွင့်ပြုချက်အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ ပထမအကြိမ်ပေးပို့ထားပြီး သတ်မှတ်ချက်များနှင့်အညီ အတည်ပြုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်(၂၀၂၄ ခုနှစ်)၊ အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း စီမံချက်များအတိုင်းပြီးစီးရန် ဆောင်ရွက်နေပြီး ယခုနှစ်ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မကြာခင်ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှ ပြုစုထားသည့်လူဦးရေစာရင်းကို နှိုင်းယှဥ်သုံးသပ်ပြီး တိကျမှန်ကန်သည့်လူဦးရေစာရင်းကို ပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်အရ ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်ရှိ Xi Yan တရုတ်စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း