မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားသမ္မတပူတင်ပေးခဲ့သည့် လက်ဆောင်က တရားမဝင်ကြောင်း အမေရိကန်အစိုးရဝေဖန်ပြစ်တင်
Pika (NSS) - ဖေဖော်ဝါရီ ၂၂
ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကို ဇိမ်ခံကားတစ်စီးလက်ဆောင်ပေးခဲ့ခြင်းသည် မြောက်ကိုရီးယားအပေါ် နိုင်ငံတ ကာက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုရှားအစိုးရက ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သမ္မတပူတင်က ရုရှားနိုင်ငံထုတ် Aurus ဇိမ်ခံကားကို ကင်ဂျုံအန်းအား လက်ဆောင်ပေးခဲ့ခြင်းက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာကပြောကြားခဲ့သည်။ မက်သရူးမီလာက "ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို မြောက်ကိုရီးယားအား သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ဇိမ်ခံကားတွေ ထောက်ပံ့ပေးတာ နှစ်ခုစလုံးကို တားမြစ်ဖို့ လိုအပ်ပါတယ်။ ဒီသတင်းကသာ အမှန်ဆိုရင် ရုရှားနိုင်ငံဟာ သူကိုယ်တိုင်ထောက်ခံထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ထပ်မံချိုးဖောက်နေတာပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံသည် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခဲ့သည်ဆိုသည့် အကြုံပြုပြောဆိုချက်များနှင့် တောင်ကိုရီးယားအစိုးရတာဝန်ရှိသူများ၏ အလားတူစွပ်စွဲပြောဆိုချက်များကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။ မာရီယာဇာခါရိုဗာက "တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာမှုနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပိတ်ဆို့အရေးယူမှုကော်မတီကိုပဲ ဆက်သွယ်သင့်ပါတယ်။ အခြားနိုင်ငံတွေနဲ့ တရားဝင်ကုန်သွယ်မှုဆက်ဆံရေးကို အနှောင့်အယှက်ပေးဖို့အတွက် အမေရိကန်က တောင်ကိုရီးယားကို ဘယ်လိုဖိအားပေးနေတယ်ဆိုတဲ့အချက်ကို သိရမှာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်"ဟုပြော ဆိုခဲ့သည်။
ရုရှားသမ္မတပူတင်၏ လက်ဆောင်ကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ(၂၀)ရက်တွင် ပထမဆုံးအစီရင်ခံခဲ့ပြီး ရုရှားအစိုးရက Aurus ဇိမ်ခံကားကို ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် မြောက်ကိုရီးယားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် ဆိုင်ကယ်များကို အုပ်စုဖွဲ့ဓားထောက်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် လူငယ် (၄)ဦးကို ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ