ကြည့်မြင်တိုင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၅)လုံးမီးလောင် ဆုံးရှုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၅)လုံးမီးလောင် ဆုံးရှုံးသွားခဲ့ကြောင်း အနာဂတ် အလင်းတန်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)၊ နံနက် ၆ နာရီ ၁၈ မိနစ်အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးက ဘယ်လိုက စလောင်လဲဆိုတာတော့ စုံစမ်းနေတုန်းပါ။ မီးလောင်တာက မြစ်တစ်ဖက်ကမ်းဖြစ်တော့ ကားသွားလို့မရတဲ့အတွက် အချိန်ကြန့်ကြာတာရှိခဲ့တယ်။ လူထိခိုက်မှုမရှိခဲ့ပေမဲ့ လူနေအိမ်တွေတော့ တော်တော် များများပါသွားတယ်” ဟု အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၁၅)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းနဲ့ ကျွန်တော်တို့ပူးပေါင်းမီးငြှိမ်းသက်ခဲ့ရပြီး ၈ နာရီ ၃ဝ မိနစ်လောက်မှာ မီးကြွင်းမီးကျန်တွေ အကုန်ရှင်းနိုင်ခဲ့တယ်။ အကြံပြုချင်တာကတော့ ပွင့်လင်းရာသီရောက်လာတဲ့အတွက် မီးဘေး အန္တရာယ်ကို အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက အကြံပြုပြောထားသည်။
၎င်းမီးလောင်မှုကို ကြည့်မြင်တိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းတို့ပူးပေါင်းကာ ၂ နာရီကျော်ခန့်မီးငြှိမ်း သတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်းအတွင်း ကျပ်သိန်း ၂၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း