အမေရိကန်နိုင်ငံ၊ နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုရဲ့ဂွန်ဒိုလာပေါ်မှာ အမျိုးသမီးတစ်ဦး တစ်ညလုံး တွဲလောင်းဖြစ်နေခဲ့ရ
ရောင်နီ (NSS) - ဇန်နဝါရီ ၃ဝ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Lake Tahoe ၊ Heavenly Mountain Resort မှာ ကြာသပတေးနေ့ (ဇန်နဝါရီ ၂၅ ရက်) က အမျိုးသမီးတစ်ဦး ဂွန်ဒိုလာ(ကေဘယ်ကား) တစ်စီးပေါ်မှာ တစ်ညလုံး ပိတ်မိနေခဲ့ပါတယ်။
၄င်းက သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှင်းလျှောစီး ခရီးထွက်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် ဂွန်ဒိုလာ(ကေဘယ်ကား) ပေါ်မှာ တစ်ညလုံး တွဲလောင်းနေခဲ့ရပါတယ်။ အကြောင်းကတော့ ၄င်းဟာ တောင်ပေါ်မှ တောင်အောက်ကိုဆင်းဖို့ ပင်ပန်းနေတာကြောင့် ဂွန်ဒိုလာနဲ့ ညနေ ၅ နာရီခန့်က ဆင်းလာခဲ့တာပါ။ ဒါပေမယ့် ၄င်း စီးလာတဲ့ ဂွန်ဒိုလာ (ကယ်ဘယ်ကား)ဟာ သူမစစီးနင်းပြီး ၂ မိနစ်အကြာမှာ ရပ်တန့်သွားခဲ့ပါတယ်။ ညရောက်တဲ့အခါ အဲဒီနေရာမှာ မီးရောင်လုံးဝမရှိဘဲ မှောင်မိုက်နေပြီး အေးစက်လွန်းတယ်လို့ သူမက ဆိုပါတယ်။ ၄င်းရဲ့သူငယ်ချင်းတွေက သူမကို ဆက်သွယ်လို့မရတော့တာကြောင့် ပျောက်ဆုံးနေတဲ့အကြောင်း သတင်းပို့ခဲ့ပါသေးတယ်။
ဒီအတွက် Heavenly Mountain Resort က "ကျွန်ုပ်တို့ဧည့်သည်တွေ ဘေးကင်းရေးနဲ့ ကျန်းမာရေးဟာ ကျွန်ုပ်တို့ ရဲ့ထိပ်တန်းဦးစားပေးဖြစ်တာကြောင့် ဒီအခြေအနေကို အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးနေပါတယ်” လို့ Resort ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ လည်ပတ်ရေးအရာရှိချုပ် တွန်ဖက်တန်က ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုပ်ရည်နဲ့ပတ်သက်တဲ့မှတ်ချက်ဆိုးများကြောင့် "The Boys" မင်းသမီး အီရင်မိုရီရာတီ Instagram မှ အနားယူ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ