မြန်မာ့နိုင်ငံရေးပြဿနာကို အာဆီယံအနေဖြင့် အလေးအနက်ထားကာ ကြားဝင်ဖြေရှင်းပေးရန် RCSS တိုက်တွန်း
မြူနစ် (NSS) - ဇန်ဝါရီ ၂၉
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို အာဆီယံအနေဖြင့် အလေးအနက်ထားကာ ကြားဝင်ဖြေရှင်ပေးရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)က တိုက်တွန်းလိုက်သည်။
RCSS ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း၌ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပခဲ့ ပြီးနောက် ကြေညာချက်ထုတ်ပြန်ကာ အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအခြေအနေများနှင့် အခြားလုပ်ငန်းအခြေအနေများကို သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းများကိုလည်း ချမှတ်ခဲ့သည်ဟု RCSS က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရေးအတွက် RCSS အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကာ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးရန်လည်း RCSS က တိုက်တွန်းထားသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူထားသော လာအိုနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် ယခု ဇန်န ဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကမှ တာဝန်ရှိသူများ၊ EAO အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုနိုင်ငံလက်ထက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် အ ကောင်းဘက်သို့ ဦးတည်လာနိုင်သည်ဟုလည်း နိုင်ငံရေးပါတီများက သုံးသပ်နေလျက်ရှိသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဆိုသည်။
RCSS သည် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိတွင် နစကအစိုးရနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသော်လည်း NCA လက်မှတ်ရေးထိုးထားသော အခြားလက်နက်ကိုင်အဖွဲ့ KNU၊ ABSDF၊ CNF နှင့် PNLO တို့သည် လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေလျက်ရှိသည်။
ယခုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆိုလာနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သုံးသပ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"နိုင်ငံရေးမျှော်လင့်ချက်၊ နိုင်ငံရေးလမ်းကြောင်း ဖွင့်မပေးဘူးဆိုရင် လက်နက်ကိုင်ပြီးမှ ရမယ်ဆိုတဲ့အယူအဆကို တွန်းပို့သလိုဖြစ်နေမယ်" ဦးကိုကိုကြီး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ