အမေရိကန်၊ Diamonds State Park မှာ ၇.၄၆ ကာရက်ရှိ ကြီးမားတဲ့စိန်ကြီးတစ်လုံးကို ဧည့်သည်တစ်ယောက်က တွေ့ရှိ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၈
ဂျူလီယန်နာဗက်စ် အမည်ရှိ အမျိုးသားတစ်ဦးဟာ အမေရိကန်နိုင်ငံ၊ New Orleans ကို အလည်အပတ်ရောက်လာခဲ့ပါတယ်။ သူဟာ အကန်ဆက်စ်မှာ ရှိတဲ့ Crater of Diamonds State Park အကြောင်းကိုလေ့လာခဲ့ပြီး အဲဒီပန်းခြံကို အရောက်သွားခဲ့ပါတယ်။
အဲဒီနောက် ဇန်နဝါရီလ ၁၁ ရက်မှာ နားဗက်စ်ဟာ ပန်းခြံကို ရောက်ရှိလာပြီး အခြေခံစိန်အမဲလိုက်တဲ့ ကိရိယာကို လည်း ငှားရမ်းခဲ့ပါတယ်။ "ကျွန်တော် မနက် ကိုးနာရီဝန်းကျင်လောက် ပန်းခြံကိုရောက်ပြီး တူးခဲ့တယ်။ ပြီးတော့ မြေပြင်ပေါ်တွေ့တဲ့ ထင်ရှားတဲ့အရာတိုင်းကို အဓိကထားလိုက်ကြည့်တယ်" လို့ သူက ပြောပါတယ်။
နာဗက်စ်အတွက် ကံကောင်းခြင်းကတော့ သူရောက်မလာမီ ရက်အနည်းငယ်အလိုက ပန်းခြံမှာ မိုးရေ တစ်လက်မ ကျော် ရွာသွန်းခဲ့တာကြောင့် ရွှံ့ဗွက်တွေနဲ့ စိုစွတ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမိုးရွာခြင်းဟာ မြေပြင်အညစ်အကြေး တွေကို ရှင်းလင်းသွားစေပြီး မျက်နှာပြင်အနီးမှာရှိတဲ့ ကျောက်တုံးတွေ၊ သတ္တုတွေနဲ့ စိန်တွေကို ဖော်ထုတ်ပေးပါ တယ်။ ဒါကြောင့်နာဗက်စ်ဟာ အဲဒီမှာ ၇.၄၆ ကာရက်ရှိတဲ့ အညိုရောင်စိန်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါကျောက်ဟာ အနက်ရောင် ချောကလက်အညိုရောင်ဖြစ်ပြီး စကျင်ကျောက်လိုပဲ လုံးဝန်းပြီး သကြားလုံး တစ်လုံး အရွယ်အစားခန့်ရှိပါတယ်။
နာဗက်စ်က အဲဒီစိန်တွေကို Carine Diamond လို့ အမည်ပေးထားပြီး တစ်ဝက်ကို သတို့သမီးလောင်းအတွက် လက်ဆောင်ပေးဖို့နဲ့ ကျန်တစ်ဝက်ကို သမီးငယ်အတွက် လက်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ Carine Diamond ဟာ ၁၉၇၂ ခုနှစ်၊ ပန်းခြံစတည်ထောင်ပြီးနောက်ပိုင်းတွေ့ရှိရတဲ့ အဋ္ဌမမြောက် အကြီးဆုံးစိန်ဖြစ်တယ်လို့ သိရပါ တယ်။ ပျမ်းမျှအားဖြင့် ပန်းခြံဧည့်သည်တွေဟာ အဲဒီမှာ စိန်တစ်လုံး (သို့မဟုတ်) နှစ်လုံးခန့်ကို နေ့စဉ်တွေ့လေ့ ရှိပါ တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှာ နဂါးနှစ်အတွက် ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာနိုင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း