ထိုင်းနိုင်ငံက နိုင်ငံပေါင်း ၃ဝ ပူးပေါင်းပါဝင်ဖွယ်ရှိနေတဲ့စစ်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၈
ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို လာမယ့်လမှာစတင်ပြီး သီတင်းပတ် နှစ်ပတ်ကြာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၃ဝ ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
၄၃ ကြိမ်မြောက်ကျင်းပမယ့် အဆိုပါစစ်ဆင်ရေးကို ထိုင်းနိုင်ငံမှာ သီတင်းပတ် နှစ်ပတ်ကြာကျင်းပမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၁ဝ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ စစ်ရေးလေ့ကျင့်ခန်းကို ထိုင်း နဲ့ အမေရိကန်နိုင်ငံတို့က အဓိကဦးဆောင်ကျင်းပခြင်းဖြစ်ပြီး၊ တပ်ဖွဲ့ဝင်ပေါင်း ၉ဝဝဝ ကျော် ပါဝင်ဖွယ်ရှိနေ ပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ၁၉၈၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး ထိုင်းနဲ့အမေရိကန်နိုင်ငံကြား မဟာမိတ် အဖြစ် ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်ခန်း အတွင်း ဆိုင်ဘာလေ့ကျင့်ခန်း၊ မြေပြင်စစ်ရေးလေ့ကျင့်ခန်း အပါအဝင် အခြားစစ်ရေးလေ့ကျင့်ခန်းတွေလည်း ပါဝင် မှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်း နဲ့ အမေရိကန်နိုင်ငံတို့အပြင် ၎င်းတို့နဲ့ဆက်နွယ်တဲ့မိတ်ဖက်နိုင်ငံများရဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်ခန်းကို သီတင်းပတ်နှစ်ပတ်ကြာ ကျင်းပမှာဖြစ်တဲ့အတွက် အာရှ ဒေသအတွင်း အချိန်အကြာဆုံးပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေထဲမှာ ပါဝင်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"မိသားစုအချင်းချင်း ထိုးကြိတ် ရန်ဖြစ်တာ ဘာမှမဖြစ်ဘူး၊ အိမ်ကို မီးနဲ့တော့ မရှို့နဲ့" ဦးကိုကိုကြီး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ