ဆွီဒင်နိုင်ငံကို နေတိုးအုပ်စုဝင်နိုင်ငံဖြစ်စေဖို့ တူရကီအစိုးရ ခွင့်ပြုခွင့်ပေးခဲ့
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၆
တူရကီအစိုးရဟာ ဆွီဒင်နိုင်ငံကို နေတိုးအုပ်စုအဖွဲ့ဝင်နိုင်ငံဖြစ်စေဖို့ မီးစိမ်းပြလိုက်ကြောင်း သိရပါတယ်။
ဆွီဒင်နိုင်ငံတို့ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းနေရာ တူရကီရဲ့ခွင့်ပြုချက်ကြောင့် ဆွီဒင်ဟာ နေတိုး အုပ်စုဝင်နိုင်ငံဖြစ်ဖို့ ပိုမိုနီးစပ်လာခဲ့ကြောင်း သိရပါတယ်။ ဟန်ဂေရီနဲ့ တူရကီဟာ ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ရေးကြိုးပမ်းမှုတွေကို ယခင်က ကန့်ကွက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တူရကီက ခွင့်ပြုချက်ပေးခဲ့ပြီး ဟန်ဂေရီကတော့ ခွင့်ပြုချက်ပေးတာမျိုး မရှိသေးကြောင်း သိရပါတယ်။
ဆွီဒင်ဝန်ကြီးချုပ်က "နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်စေဖို့ ဆွီဒင်နိုင်ငံရဲ့လမ်းကြောင်းတွေက ပိုမိုကောင်းမွန်လာခဲ့တယ်" လို့ ပြောပါတယ်။ တူရကီလွှတ်တော်ဟာ ဆွီဒင်နိုင်ငံကို နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
တူရကီအာဏာရပါတီက တူရကီနိုင်ငံကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ဆွီဒင်နိုင်ငံရဲ့ရပ်တည်ချက်တွေဟာ အပြောင်းအလဲဖြစ်လာတဲ့အတွက် ဆွီဒင်ကို နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေးခွင့်ပြုပေးခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါ တယ်။ တူရကီရဲ့ဆွီဒင်ကို နေတိုးအုပ်စုအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ထောက်ခံပေးမှုတွေဟာ အမေရိကန်နိုင်ငံရဲ့လက်နက် ရောင်းချရေးကိစ္စတွေနဲ့ဆက်စပ်ဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
အမေရိကန်အစိုးရက တူရကီဟာ ဆွီဒင်ကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကန့်ကွက်နေမယ်ဆိုရင် တူရကီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးမှာမဟုတ်ကြောင်း ယခင်က ပြောဆိုခဲ့ဖူးပါတယ်။ တူရကီအစိုးရက ဆွီဒင်နိုင်ငံဟာ တူရကီအစိုးရကို ဆန့်ကျင့်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကို လက်ခံထားတဲ့အတွက် ဆွီဒင်ရဲ့နေတိုးအုပ်စုဝင်ဖြစ်ရေး ကြိုးပမ်းမှုတွေကိုအားပေးထောက်ခံမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးရာ ဆွီဒင်ရဲ့နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေးကြိုးပမ်းမှုက တစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့၌ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း PNO ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ