အီရန်မှာ လူပေါင်း ၁ဝဝ နီးပါးသေဆုံးစေတဲ့ဗုံးခွဲတိုက်ခိုက်မှုတွေကို ISIS’ အဖွဲ့တွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၆
အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အာဖန်ဂန်နစ္စတန်နိုင်ငံရှိ ISIS’ အဖွဲ့တွေဟာ အီရန်နိုင်ငံမှာ လူပေါင်း ၁ဝဝ နီးပါးသေဆုံးစေခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၁ဝဝ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ISIS အဖွဲ့ကိုယ်တိုင်ကလည်း အီရန်ဗိုလ်ချုပ်ကြီး ဆိုလီယာမာနီ သေဆုံးမှု ၄ နှစ်ပြည့် အခမ်းအနားပြုလုပ်မယ့် သုသာန်နားမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ခု လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထားပါတယ်။
ISIS-Khorasan (ISIS-K) လို့ လူသိများတဲ့ အာဖန်ဂန်နစ္စတန်အခြေစိုက် ISIS အဖွဲ့က ၎င်းတို့ဟာ ကာမန်မြို့ အရှေ့တောင်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
အီရန်ဗိုလ်ချုပ်ကြီး ဆိုလီယာမာနီဟာ ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ အမေရိကန်ရဲ့ဒရုန်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံရပြီးသေဆုံးခဲ့ရာ ၎င်းအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ရုပ်အလောင်းမြှုပ်နှံထားတဲ့သချိုင်းနားမှာ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အီရန်အစိုးရဟာ အဆိုပါဗုံးခွဲတိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားသလို အသေခံဗုံးခွဲ တိုက်ခိုက်ရာမှာအသုံးပြုတဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။
အီရန်အစိုးရဟာ အဆိုပါဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ အစ္စရေးနိုင်ငံတို့ကို ဝေဖန်တိုက်ခိုက်ခဲ့ပြီး လက်တုံ့ပြန်မယ်လို့ ပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကယ်ဒမီပေးပွဲကို ဖေဖော်ဝါရီလ(၃)ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွှေရင်ထိုးများအတွက် လိုအပ်သောရွှေကို နိုင်ငံတော်က ကျခံသွားမည်
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ