ပြည်လမ်းကို ဇန်နဝါရီလ (၂)ရက် နှင့် (၄)ရက်တို့တွင် ခေတ္တပိတ်ထားမည်
စော (NSS) - ဇန်နဝါရီ ၁
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အစမ်းလေ့ကျင့်ခြင်း နှင့် အခမ်းအနား ကျင်းပချိန်တို့၌ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယနေ့(ဇန်နဝါရီလ ၁ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်း အနားအတွက် မနက်ဖြန် (ဇန်နဝါရီလ ၂ ရက်)တွင် အစမ်းလေ့ကျင်ခြင်းနှင့် ဇန်နဝါရီလ ၄ ရက်တွင် အခမ်းအနားကျင်းပခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ဇန်နဝါရီလ ၂ ရက်နှင့် ဇန်နဝါရီလ ၄ ရက်တို့တွင် နံနက် (၄)နာရီမှစတင်၍ အခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လမ်းပိတ်ထားမည်ဖြစ်သည့်အတွက် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်းမီးပွိုင့်တွင် ညာဘက်သို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့ ပြောင်းလဲမောင်းနှင်ရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့မှ အသိပေးထားသည်။
ထို့ပြင် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းသို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှ တစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့ ဆက်လက်မောင်းနှင်ရမည်ဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းများ
RELATED POSTS
26 Sep 2024 | အထွေထွေ,ပြည်တွင်း
26 Sep 2024 | အထွေထွေ,ပြည်တွင်း
23 Sep 2024 | အထွေထွေ,ပြည်တွင်း