Snoopy ကာတွန်းခွေးလေးနဲ့ တကယ်ဆင်တဲ့ Real snoopy ဘေလေး
ရောင်နီ (NSS) - ဒီဇင်ဘာ ၃ဝ
အင်စတာဂရမ်မှာ ဘေလေး အမည်ရှိ အဖြူအမည်းစပ် ခွေးလေးတစ်ကောင်ဟာ နာမည်ကြီးနေပါတယ်။
အကြောင်းကတော့ အဲဒီခွေးလေးဟာ ကလေးတွေကြားထဲ လူကြိုက်များတဲ့ Peanuts ကာတွန်းမှ ချစ်စရာခွေးလိမ္မာလေးဖြစ်တဲ့ Snoopy နဲ့ ဆင်တူလွန်းလို့ပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ခွေးလေးဘေလေးကို Real Snoopy လို့ သတ်မှတ်ထားကြပါတယ်။ ခွေးလေးရဲ့ Instagram စာ မျက်နှာမှ ဖော်ပြချက်အရ ဘေလေးဟာ လာမယ့်လမှာ အသက် ၂ နှစ်ပြည့်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ အရောင်အသွေး၊ ချစ်စရာကောင်းပြီး ကျော့ရှင်းတဲ့ နှာတံ၊ အမွေးအမျှင်တွေနဲ့ အနက်ရောင် နားရွက်တွေဟာ ခွေးလေး Snoopy နဲ့ ဆင်တူလွန်းလှပါတယ်။ ခွေးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ များစွာဟာ အိမ်မွေးတိရစ္ဆာန် ဗဟိုပြုဆိုရှယ်မီဒီယာ စာမျက်နှာ တစ်ခွင်မှာ ပြန့်နှံ့နေပြီး အားပေးမှုများစွာလည်း ရရှိထားပါတယ်။
ကာတွန်းထဲက Snoopy ကတော့ beagle အမျိုးအစား ခွေးဖြစ်ပေမယ့် ဘေလေးကတော့ Mini Sheepadoodle မျိုးကွဲဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားက ယူကရိန်းကို ဒုံးကျည်နဲ့ဒရုန်းအစင်းရေ(၁၅၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆို
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ