ရုရှားက ယူကရိန်းကို ဒုံးကျည်နဲ့ဒရုန်းအစင်းရေ(၁၅၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆို
Pika (NSS) - ဒီဇင်ဘာ ၃ဝ
ရုရှားတပ်ဖွဲ့များသည် ဒီဇင်ဘာလ(၂၉)ရက်တွင် ယူကရိန်းနိုင်ငံအပေါ် ကြီးမားသောလေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူ(၃၀)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် နောက်ပိုင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ရုရှားတပ်ဖွဲ့များ ပစ်လွှတ်လိုက်သော ဒရုန်းနှင့်ဒုံးကျည်များသည် စာသင်ကျောင်းများ၊ သားဖွားဆေးရုံများ၊ ဈေးဝယ်စင်တာများနှင့် တိုက်ခန်းအများအပြားကို ထိမှန်ခဲ့ကြောင်း ယူကရိန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီး ယူကရိန်းကို စစ်ရေးထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်ရန် ကတိဝတ်များကို ထွက်ပေါ်လာစေခဲ့ကြောင်းလည်းသိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးက "ဒီနေ့မှာတော့ ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ လက်နက်တိုက်ထဲမှာရှိသမျှအရာအားလုံးနီးပါးနဲ့ ကျွန်တော်တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ဒရုန်းများနှင့် ဒုံးကျည် စုစုပေါင်း(၁၅၈)စင်းခန့် ပစ်လွှတ်ခဲ့ပြီး ၎င်းတို့အနက်မှ(၁၁၄)စင်းကို အောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကခန့်မှန်းပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဒုံးကျည်များအပြားပါဝင်သည့် စံချိန်တင်ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူအမျိုးသား ယူရီအစ်ဂ်နက် ကပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် Shahedဒ ရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် နောက်ထပ် ဒုံးကျည်အများအပြားကို တိုက်လေယာဉ်များနှင့် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများမှ ပစ်လွှတ်ခဲ့ကာ ယူကရိန်း၏လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်နိုင်ရန်ကြိုးပမ်းခဲ့ကြောင်း ယူကရိန်းအရာရှိများကပြောကြားခဲ့သည်။
"ရုရှားတပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်အထိ အနည်းဆုံးလူ(၃၀)ဦးသေဆုံးပြီး အခြားလူ(၁၆၀)ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်"ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီး အိုင်ဂေါကလေးမန်ကိုက ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားဟာ ဇန်နဝါရီလမှစ၍ အီး-စီးကရက် တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှု တိုးမြှင့်မည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ