အင်ဒိုနီးရှားဟာ ဇန်နဝါရီလမှစ၍ အီး-စီးကရက် တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှု တိုးမြှင့်မည်
ရောင်နီ (NSS) - ဒီဇင်ဘာ ၃ဝ
အင်ဒိုနီးရှားနိုင်ငံဟာ ဇန်နဝါရီလ ၁ ရက်မှစပြီး အီးစီးကရက် တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှု တိုးမြှင့်ကောက်ခံသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်နှုန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားဟာ ၂၀၁၈ ခုနှစ်မှာ အီးစီကရက်အတွက် အခွန် ၅၇ ရာခိုင်နှုန်းကို စည်းကြပ်ခွန်အသစ် ချမှတ်ပြီးနောက် အခု ၂၀၂၄ ခုနှစ်မှာမှ အခွန်အသစ်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
နိုင်ငံမှာ ရိုးရိုးသာမာန် သမားရိုးကျ စီးကရက်တွေ အတွက်ကတော့ အခွန်ကောက်နေတာ ကြာပါပြီ။ အီး-စီးကရက် ထုတ်လုပ်သူနဲ့ ဖောက်သည်တစ်စုက ကုန်ပစ္စည်းအတွက် အခွန်စည်းကြပ်မှု ၂၀၂၄ ခုနှစ်မှာ တိုးမြင့်လာမယ့် အခြေအနေအပေါ် ဆွေးနွေးမှု မရှိခြင်းအတွက် အစိုးရကို ဝေဖန်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဆက်လက်လုပ်ဆောင်မယ်ဆိုရင်လည်း တရားရုံးထိ သွားဖို့ စဉ်းစားထားတယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။
အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်များအရ နိုင်ငံတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုဟာ၂၀၂၁ ခုနှစ်အထိ ဆယ်စုနှစ်အတွင်း ဆယ်ဆတိုးလာပြီး အရွယ်ရောက်ပြီးသူ ၇၀ ဒသမ ၂ သန်းခန့်ဟာ ဆေးလိပ်သောက်သုံးကြတယ်လို့ သိရပါတယ်။ စီးကရက်အခွန်နှုန်းထားဟာ ၂၀၂၄ ခုနှစ်မှာ ပျမ်းမျှ ၁၀ ရာခိုင်နှုန်း တိုးလာမှာဖြစ်ပြီး e-cigarette က ပျမ်းမျှ ၁၅ ရာခိုင်နှုန်း တိုးလာမှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၃ဝ ရက်အတွင်း ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း