မုံရွာမြို့နယ်ရှိ PDF စခန်းတစ်ခုကို တပ်မတော်လုံခြုံရေးအဖွဲ့က ဝင်ရောက်စီးနင်း
Pearl (NSS) - ဒီဇင်ဘာ ၃၀
မုံရွာမြို့နယ်ရှိ PDF စခန်းတစ်ခုကို တပ်မတော်လုံခြုံရေးအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၉ ရက်)၊ နံနက် (၄)နာရီခွဲအချိန် ခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းရာ လုံခြုံရေးတပ်ဖွဲ့ နှင့် PDF အဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မ တော်ဘက်မှ လေကြောင်းပစ်ကူများပါ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"ပထမကတော့ ခြေလျင်နဲ့ သွားတာ၊ အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်တယ်၊ ပြီးတော့ ရဟတ်ယာဉ်နဲ့ ပစ်ကူပေးတယ်၊ လောလောဆယ်တော့ အလောင်းက (၃) လောင်းရတယ်လို့ သိရတယ်။ အရှင်ကလည်း (၃) ယောက်မိတယ်လို့ကြားတယ်။ လက်နက်ခဲယမ်းကတော့ အတိအကျတော့ မသိဘူး။ ရတာတော့ တော်တော်ကို ရလိုက်တယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ ၊ နံနက် (၁၀)နာရီခွဲခန့်တွင် ညောင်ပင်ကျေးရွာရှိ PDF စခန်းကို တပ်မတော်က ထိန်းချုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း PDF အဖွဲ့ဝင် (၃)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး အလောင်း (၃)လောင်း နှင့် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပထုန်ဌာနီခရိုင်ရှိ ကြက်ဝိုင်း၌ မြန်မာနိုင်ငံသားချင်း ဓားဖြင့်ထိုးပြီးသတ်ဖြတ်ခဲ့သူကို အခင်းဖြစ်ပြီး (၅)ရက်အကြာတွင်ဖမ်းမိခဲ့
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ