အင်းစိန်အကျဉ်းထောင်ရှေ့ရှိ ကားတစ်စီးအောက်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ရှေ့ရှိ ကားတစ်စီးအောက်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဉ်သည် ယနေ့(ဒီဇင်ဘာ ၂၇ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့ နယ်၊ ပေါက်တောရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်အကျဉ်းထောင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အင်းစိန်အကျဉ်းထောင်ရဲ့မျက်နှာချင်းဆိုင် ကားလမ်းပေါ်မှာ ရပ်ထားတဲ့ ကားအောက်ကနေကွဲတာပါ။ ကားတော့ နည်းနည်း ပျက်စီးသွားတယ်။ ကြီးကြီးမားမားတော့ မဟုတ်ဘူးပေါ့။ ကားကတော့ ကားအသေးလေးပါပဲ။ လူထိခိုက်တာတွေတော့ မတွေ့ရသေးပါဘူး” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သည့် အင်းစိန်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ကားတစ်စီးမှာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် အင်းစိန်အကျဉ်းထောင်ရှိ ထောင်ဝင်စာပါဆယ်လက်ခံသည့်အဆောင်အဦး၌ ပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ (၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာချိုင်မြို့၌ တရားမဝင်နေထိုင်သည့် မြန်မာမိန်းကလေးငယ် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံရ
RELATED POSTS
08 Nov 2024 | မှုခင်း,နိုင်ငံတကာ
08 Nov 2024 | မှုခင်း,ပြည်တွင်း