နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အစ္စရေးနိုင်ငံသားတွေကိုကယ်ထုတ်ဖို့ လေယာဉ်များစေလွှတ်ခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈
နယ်သာလန်နိုင်ငံမှာ အစ္စရေးဘောလုံးကလပ်အသင်း တိုက်ခိုက်ခံရခြင်းကြောင့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ လေယာဉ်များစေလွှတ်ကာ ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရကြောင်းသိရပါတယ်။
နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် Maccabi Tel Aviv အသင်းနဲ့ နယ်သာလန်အေဂျက်ဇ်အသင်းတို့ကစားခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ် ပွားခဲ့ကြောင်း သိရပါတယ်။ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် (၅)ဦး ဒဏ်ရာရကာ ဆေးရုံတင်ပို့ခဲ့ရပြီး အခြား(၆၂)ဦးကိုတော့ ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရပါတယ်။ အစ္စရေးဘောလုံးပရိသတ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အစ္စရေးဝန်ကြီးချုပ်က အစ္စရေးဘောလုံးပရိသတ်တွေကိုကယ်ထုတ်ဖို့ လေယာဉ်တွေကို စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ရဲတပ်ဖွဲ့တွေဟာ ဘယ်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့သလဲဆိုတဲ့အချက်ကို အတိအကျပြော ဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။ အစ္စရေးအစိုးရကတော့ နယ်သာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုအတွင်း ဖမ်းဆီးခံရတဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်လည်လွတ်မြောက်အောင်ကြိုးပမ်းနေကြောင်း ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ်က "အက်စတာဒမ်မြို့မှာ ဖြစ်ပွားခဲ့တဲ့အစ္စရေး ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုအတွင်း တိုက် ခိုက်ခံရတဲ့ အစ္စရေးနိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာနိုင်အောင် ဘာပဲဖြစ်ဖြစ်လုပ်ဆောင်သွားမယ်။ ပရော်ဖက်ရှင်နယ်ကယ်ဆယ်ရေးမစ်ရှင်အဖွဲ့ကိုလက်ရှိမှာစေလွှတ်ဖို့ မလိုသေးဘူး"လို့ပြောပါတယ်။
အစ္စရေးအစိုးရဟာ ယူရိုပါလိဂ်ပွဲစဉ်ကစားတဲ့ အစ္စရေး Tel Aviv အသင်းကိုလိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ဖို့ Ben Gurion လေဆိပ်ကနေ လေယာဉ်နှစ်စင်းစေလွှတ်ခဲ့တယ်လို့လည်း အစ္စရေးလေဆိပ်အာဏာပိုင်တွေကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း