Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
MNDAA က နေရပ်စွန့်ခွာတိမ်းရှောင်နေသူများကို အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်နေဟု လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ပြော

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့တွေဟာ ရှမ်းပြည် နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာ၊ ပြန်ပေးဆွဲတာတွေလုပ်ဆောင်နေကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ပြောပါတယ်။


ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) အနေနဲ့ အရပ်သားတွေကို ပြန်ပေးဆွဲဖမ်းဆီးမှု လုပ်ဆောင်တာမျိုး ချက်ချင်းရပ်တန်သင့်ကြောင်း၊ အရပ်သားတွေကို ကာကွယ်ပေးနိုင်အောင်လိုအပ်တဲ့အစီမံများလုပ်ဆောင်ရမှာဖြစ်ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကပြောပါတယ်။ 

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာဒါရိုက်တာဖြစ်သူ အီလာနီ ပီယာဆန်က "MNDAA အဖွဲ့တွေဟာ အရပ်သားတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာ၊ ပြန်ပေးဆွဲတာတွေ လုပ်ဆောင်ပြီး စစ်ပွဲဥပဒေကို ချိုးဖောက်နေတယ်။ MNDAA အဖွဲ့ဟာ အရပ်သားတွေကို တိုက်ပွဲတွေမှာ ဘေးကင်းလုံခြုံမှုဖြစ်အောင် လုပ်ဆောင်ပေးသင့်တယ်"လို့ ပြောပါတယ်။ 

ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာတပ်မတော်စခန်းတွေကို အောက်တိုဘာလ ၂၇ ရက်ကစတင်တိုက်ခိုက်ခဲ့ရာ ဒေသခံသောင်းနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာအောက်တို ဘာလ ၂၇ ရက်ကစတင်ပြီး တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာ လူပေါင်း (၁)သိန်းအပါအဝင် နိုင်ငံတဝှမ်းမှာ လူပေါင်း (၆)သိန်းကျော်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်းကုလသမဂ္ဂအဖွဲ့ကပြောပါတယ်။

လောက်ကိုင်မြို့က ထွက်ပြေးလာတဲ့ ဆရာဝန်တစ်ဦးက MNDAA အဖွဲ့ဟာ လောက်ကိုင်မြို့ နဲ့ ချင်းရွှေဟော်မြို့ကြားရှိ Par Hsin Kyaw မြို့အပြင်ဘက်နားမှာ လူငယ်တွေကို အတင်း အဓမ္မ ဖမ်းဆီးထိန်းသိမ်းတာ၊ ဆွဲခေါ်တာတွေလုပ်ဆောင်တာတွေ တွေ့မြင်ခဲ့ရကြောင်း ပြောပါတယ်။

၎င်းက "MNDAA အဖွဲ့ဟာ ဆိုင်ကယ် နဲ့ လူ နှစ်ဦး၊ သုံးဦး ပါဝင်တဲ့ အုပ်စုကို ဆွဲခေါ်သွားတာတွေ့ရတယ်။ MNDAA အဖွဲ့ဟာ လူငယ်တွေကိုလည်း ဆွဲခေါ်ခဲ့တယ်။ ကျွန်တော်ဆိုရင် အလွန်စိုးရိမ်ကြောက်လန့်ခဲ့တယ်"လို့ပြောပါတယ်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လောက်ကိုင်မှ စစ်ဘေးရှောင်လာသောလူငယ်များကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်သားစုဆောင်ခြင်းများ ပြုလုပ်နေကြောင်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နမ္မတူမြို့တွင် နေအိမ်နှစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦးဒဏ်ရာရ

RECENT POSTS
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
28 Sep 2024
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
28 Sep 2024
ဝိုင်ဖိုင်ကြိုးတက်ပြင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား
27 Sep 2024
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved