ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ကက်သလစ်ဘာသာဝင်များကို ပစ်မှတ်ထားပြီး ISIS အဖွဲ့ တိုက်ခိုက်ခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၄
အစ္စလာမ်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ISIS အဖွဲ့ဟာ ဒီဇင်ဘာ ၃ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ကက်သလစ်ဘာသာဝင်အများအပြား စုဝေးရောက်ရှိနေတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ISIS အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ မွတ်စလင်အများစုနေထိုင်ရာမြို့ဖြစ်တဲ့ မာရာဝီမြို့ရှိ Mindanao ပြည်နယ် တက္ကသိုလ်မှာ ကျင်းပတဲ့ ကက်သလစ်ဘာသာဝင်များရဲ့ဝတ်ပြုဆုတောင်းပွဲကို ဗုံးနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲဗိုလ်ချုပ်ကြီး ပီရယ်တာက ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး ၅ဝ ဦး ဒဏ်ရာရကြောင်း ဆိုပါတယ်။ ISIS အဖွဲ့က "မာရာဝီမြို့ရှိ ခရစ်ယာန်ဘာသာဝင်များ အများဆုံး စုရုံးရောက်ရှိ နေချိန်မှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးက ဗုံးပေါက်ကွဲမှုဟာ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကက်သလစ်ဘာသာဝင်တွေရဲ့ Bible reading ဖတ်ချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။
၎င်းက "ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကျွန်တော်တို့ဟာ ကြောက်လန့်တကြား နဲ့ ထွက်ပြေးခဲ့တယ်။ ဘာဖြစ်မှန်း သေသေချာချာမသိဘဲ ထွက်ပြေးခဲ့တာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
အစ္စလာမ်အစွန်းရောက်အဖွဲ့တွေဟာ ၂ဝ၁၇ ခုနှစ်တည်းက မာရာဝီမြို့မှာ အခြေစိုက်နေထိုင်နေခဲ့ပြီး တိုက်ခိုက်မှု တွေ မကြာခဏလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဟာ ပြစ်တင်ရှုတ်ချထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်စစ်တပ်ရဲ့ဗိုလ်ချုပ်တစ်ဦးက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့တွေဟာ လက်ရှိအချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့မြို့ နဲ့ တက္ကသိုလ်တွေကို ကင်းလှည့်ခြင်း၊ စစ်ဆေးခြင်းတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AA အနေဖြင့် ဌာနဆိုင်ရာပိုင်ကား(၉)စီးကို ခြိမ်းခြောက်ယူဆောင်သွားခြင်းသည် ရခိုင်ပြည်သူများကို တိုက်ရိုက်စော်ကားခြင်းဖြစ်ဟု နစက တုံ့ပြန်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ