Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
AA အနေဖြင့် ဌာနဆိုင်ရာပိုင်ကား(၉)စီးကို ခြိမ်းခြောက်ယူဆောင်သွားခြင်းသည် ရခိုင်ပြည်သူများကို တိုက်ရိုက်စော်ကားခြင်းဖြစ်ဟု နစက တုံ့ပြန်

ကျော်(NSS) - ဒီဇင်ဘာ ၄

AA အနေဖြင့် ဌာနဆိုင်ရာပိုင်ကား(၉)စီးကို ခြိမ်းခြောက်၍ အဓမ္မယူဆောင်သွားခြင်းသည် ရခိုင်ပြည်သူ များကိုတိုက်ရိုက်စော်ကားခြင်းဖြစ်ကြောင်း နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။


၎င်းက ယမန်နေ့(ဒီဇင်ဘာလ ၃ ရက်)၊ ညပိုင်းတွင် နိုင်ငံအတွင်း ဖြစ်ပွားနေသောအခြေအနေများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

AA အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဌာနပိုင်ကား(၂)စီးကို နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က သေနတ်ပြခြိမ်းခြောက်၍ အဓမ္မယူဆောင်သွားခဲ့ကြကြောင်း ၎င်းကပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင်လည်း မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်စီမံခန့်ခွဲရေးရုံးရှိ ဌာနပိုင်ကား(၃)စီးကို သေနတ်ပြခြိမ်းခြောက်၍ အဓမ္မယူဆောင်သွားခဲ့ကြကြောင်း ၎င်းကဆက်လက်ပြောသည်။

ထို့အတူ နိုဝင်ဘာလ ၂၉ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦး-စစ်တွေ ကားလမ်းမကြီးဘေးရှိ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်ကား(၂)စီးကိုလည်း သေနတ်ပြခြိမ်းခြောက်ကာ အဓမ္မယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့၊ ခရိုင်သာသနာရေးဝန်ကြီးဌာနပိုင်ကား(၁)စီး၊ နံနက် ၉ နာရီခွဲခန့်တွင် မြောက်ဦးမြို့ ခရိုင်ရွေးကောက်ပွဲရုံးရှိ ဌာနပိုင်ကား(၁) စီးတို့ကို သေနတ်ပြခြိမ်းခြောက်၍ အဓမ္မယူဆောင်သွားခဲ့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

"ဌာနပိုင်ကား ၉ စီးကို သေနတ်နဲ့ခြိမ်းခြောက်ရယူသွားပြီး သူတို့အဖွဲ့အကျိုးအတွက် အသုံးပြုနေတယ်။ မြောက်ဦးခရိုင်ဆိုတာ ရှေ့ဟောင်းသုတေသနအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင်လုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့ကားတွေကိုယူသွားပြီး အဖွဲ့အကျိုးအတွက်အသုံးချတာ၊ အဖွဲ့အကျိုးအတွက် ဆောင်ရွက်တာဟာ ရခိုင်ပြည်သူ လူထုကို တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်ပါတယ်"ဟု နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတုံ့ပြန်ပြောကြားထားသည်။

ထိုသို့ AA အဖွဲ့ အဓမ္မယူဆောင်သွားခဲ့သည့် ဌာနဆိုင်ရာပိုင်ကား(၉)စီးပြန်လည်ရရှိရေးနှင့်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်းများနှင့်ရဲတပ်ဖွဲ့စခန်းများအား နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ ယနေ့အချိန်အထိ ULA/AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအပေါ်တွင် တိုက်ရိုက်အချိုးကျနေဟုဆို

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved