ကလေးမြို့၌ ငွေကျပ်သိန်း(၈ဝဝဝ)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ငွေကျပ်သိန်း(၈ဝဝဝ)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော(နိုဝင်ဘာ ၂၈ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်ရှိ ဒိုကိပ်လျန်၏ နေအိမ်မှ ပေါင်ရှင်းလာလ်၊ မဒိဒ်ရှင်းဟွဲ့ နှင့် မကျိန်ရှင်းဟွဲ့တို့နှင့်အတူ ငွေကျပ်သိန်း (၇၇ဝဝ)တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်း ပါဝင်သူ ဒိုကိပ်လျန်အား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
ထို့နောက် စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူများအား ကလေးမြို့မှ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများဆိုင်ရာဥပဒေအရ အမူဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိမိနိုင်ငံရဲ့ဂြိုလ်တုများအပေါ် စွက်ဖက်နှောင့်ယှက်ခြင်းက အချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ် စစ်ကြေညာခြင်းဖြစ်ပြီး၊ အမေရိကန်သူလျှိုဂြိုလ်တုတွေရဲ့အရေးပါမှုကို ဖယ်ရှားသွားမယ်လို့ ပြုံယမ်း ပြောဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း