Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိမိနိုင်ငံရဲ့ဂြိုလ်တုများအပေါ် စွက်ဖက်နှောင့်ယှက်ခြင်းက အချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ် စစ်ကြေညာခြင်းဖြစ်ပြီး၊ အမေရိကန်သူလျှိုဂြိုလ်တုတွေရဲ့အရေးပါမှုကို ဖယ်ရှားသွားမယ်လို့ ပြုံယမ်း ပြောဆို

Htay Oung (NSS) - ဒီဇင်ဘာ ၃

မိမိနိုင်ငံရဲ့ဂြိုလ်တုစနစ် လုင်ငန်းလည်ပတ်အပေါ်  ဝင်ရောက်စွက်ဖက်ခြင်း မှန်သမျှကို စစ်ကြေညာခြင်းအဖြစ် ထည့်သွင်းစဉ်းစားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ မိမိနိုင်ငံရဲ့ဗျူဟာမြောက်လုပ်ကိုင်ပိုင်ဆိုင်မှု များအပေါ်တိုက်ခိုက်ဖို့ ဆောင်ရွက်လာမယ်ဆိုရင် စစ်ရေးအရ တားဆီးမှုသွားမှာဖြစ်ကြောင်း သတိပေးလိုက်တယ် လို့ Reuters က ယမန်နေ့က ရေးသားပါတယ်။


အမေရိကန်သူလျှိုဂြိုလ်တုများရဲ့အရေးပါမှုကို ဖယ်ရှားခြင်းဖြင့် အာကာသအတွင်း ဝါရှင်တန်ရဲ့ ဘယ်လို ဝင်ရောက် စွက်ဖက်မှုမျိုးကိုမဆို တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကား ပြီး နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။

အမေရိကန်အနေနဲ့ နောက်ဆုံးပေါ်နည်းပညာများကို လက်နက်သဖွယ် တရားမဝင်နဲ့ မဆီလျော်မမျှတစွာ အသုံးချ ပြီး အာကာသအတွင်း နိုင်ငံတစ်နိုင်ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် ကျူးကျော်စွက်ဖက်ဖို့ ကြိုးပမ်းလာမယ် ဆိုရင် ပြုံယမ်းကလည်း ဝါရှင်တန် သူလျှိုဂြိုလ်တုများရဲ့အရေးပါရပ်တည်မှုကို ဟန့်တား (သို့မဟုတ်) ပျက်ပြား အောင် လက်တုံ့ပြန်ဖို့ စဉ်းစားရလိမ့်မယ်လို့ ဆိုပါတယ်။


နိုဝင်ဘာ ၂၁ ရက်မှာ ၎င်းတို့နိုင်ငံရဲ့ပထမဆုံး စစ်သုံးထောက်လှမ်းရေးဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့တယ် လို့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံလို့ တရား၀င်အမည်ရှိ မြောက်ကိုရီးယားက ကနဦး သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဂြိုလ်တုက အမေရိကန် ပင်မကုန်းမြေ၊ ဂျပန်နဲ့ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းတို့မှာ ရှိတဲ့ စစ်ရေးတည်ရှိမှု ဓာတ်ပုံများကို ပေးပို့နေတယ်လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားဂြိုလ်တုရဲ့ထောက်လှမ်းရေးလုပ်ငန်းစဉ်တွေကို ဝါရှင်တန်အနေနဲ့ နှောင့်ယှက်နိုင်စွမ်း ရှိ-မရှိ မေးခွန်းကိုတော့ ဝါရှင်တန်ဟာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ရန်သူတစ်ယောက်ယောက်ရဲ့ အာကာသ စွမ်းရည်ကို ပိတ်ဆို့နိုင်တယ်လို့ အမေရိကန် အာကာသကွပ်ကဲမှုဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးကြောင်း အမေရိကန် RFA အသံလွှင့်ဌာနက ပြောပါတယ်။


မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့ တွန်းအားပေးတဲ့  အမေရိကန်လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများနဲ့ ၎င်းတို့ရဲ့လက်ပါးစေ အင်အားစုတို့ကို လက်တုံ့ပြန်အရေးယူမှုများ ပြုလုပ်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယမန်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြုံယမ်းက ဂြိုလ်တုလွှတ်တင်ပြီးနောက် အမေရိကန်က မြောက်ကိုရီးယားကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို ချမှတ်လိုက်ပါတယ်။ အရေးခံရသူတွေဟာ အစုအပြုံလိုက် သေကြေပျက်စီးစေတဲ့ လက်နက်အစီ အစဉ်အတွက် ဝင်ငွေနဲ့ နည်းပညာများစုဆောင်းနေသူများ၊ ပိတ်ဆို့အရေးယူမှုများ ရှောင်လွှဲဖို့ ကူညီပေးနေတဲ့ နိုင်ငံခြားအခြေစိုက် အေးဂျင့်များဖြစ်တယ်လို့လည်း ဝါရှင်တန်က စွပ်စွဲပါတယ်။

တောင်ကိုရီးယားကလည်း ပြုံယမ်းရဲ့ဂြိုလ်တုနဲ့ ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ပတ်သက်မှုအတွက် မြောက်ကိုရီးယား ၁၁ ဦးကို နာမည်ပျက်စာရင်းသွင်းခဲ့ပြီး သူတို့ရဲ့ငွေကြေးလွှဲပြောင်းမှုများကို  တားမြစ်လိုက်ပါ တယ်။

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ခြင်းဟာ ရာဇ၀တ်မှုတစ်ခုလို့ ယူဆမယ်ဆိုရင်  ကမ္ဘာ့အရေအတွက် အဆုံး ဂြိုလ်တုပိုင်ဆိုင်တဲ့ အမေရိကန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရင်ဆိုင်သင့်တယ်လို့ မြောက်ကိုရီးယား နိုင်ငံတကာဆက်ဆံရေး လေ့လာသုံးသပ်သူတစ်ဦးရဲ့မှတ်ချက်ကို ပြုံယမ်း မီဒီယာများက ဖော်ပြနေကြပါတယ်။ 

"ကိုရီးယား ကျွန်းဆွယ်တဝိုက် အရှေ့မြောက် အာရှဒေသမှာ မမျှော်လင့်ထားတဲ့တိုက်ပွဲတွေဖြစ်လာရင် မြောက်ကိုရီးယားရဲ့လုံခြုံရေးကဏ္ဍအပေါ်  အဆက်မပြတ် ဖိအားပေးနေတဲ့ ကပ်ဘေးအခြေအနေ ဆိုက်ရခြင်း အတွက် အမေရိကန်ဟာ ရာနှုန်းပြည့် တာဝန်ယူမှာဖြစ်ပါတယ်လို့ လေ့လာသုံးသပ်သူကပြောပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သူ့ရဲ့နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတွေကို စေလွှတ်အင်အားပြသခဲ့တဲ့အတွက်လည်း အမေရိကန်ကို အပြစ်တင်လိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးနိုင်ငံတွေ သိမ်းပိုက်ထားခဲ့တဲ့တိုင်းပြည်တွေကို စစ်နိုင် အင်အားကြီး တိုင်းပြည်တို့က ခွဲဝေ ယူငင်ခဲ့ကြပါတယ်။ အဲ့ဒီနောက် အစပျိုးလာတဲ့ ကမ္ဘာ့အရှေ့အနောက် စစ်အေးတိုက်ပွဲကာလ ကိုရီးယား ကျွန်းဆွယ် တင်းမာမှု ၅-နှစ်ကြာခဲ့ပြီး ၁၉၅ဝ ပြည့်နှစ် ဇွန်လမှာ မြောက်ပိုင်းက တောင်ပိုင်းနယ်မြေအတွင်း ကျူး ကျော် ဝင်ရောက်ခြင်းဖြင့် စစ်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ 

တောင်ဘက်မှ အမေရိကန်ဦးဆောင် ကုလသမဂ္ဂအဖွဲ့ဝင် ၁၅နိုင်ငံနဲ့ ကွန်မြူနစ်တို့ ကြီးစိုးရာ မြောက်ပိုင်းမှ တရုတ်-ဆိုဗီယက်တို့က ပါဝင်ကူညီတိုက်ခိုက်ခဲ့ကြပါတယ်။

စစ်အေးကာလ ထိခိုက်ပျက်စီးမှု အများဆုံး စစ်ပွဲအဖြစ် သမိုင်းဝင်ခဲ့ပြီး နှစ်ဘက်စလုံးမှ အရပ်သား ၃ သန်းနီးပါး သေဆုံးခဲ့ရပါတယ်။ ၃ နှစ်ကြာစစ်ပွဲဟာ တစ်စုံတစ်ရာ အဖြေမထွက်ခဲ့ဘဲ ၃၈ ဒီဂရီလတ္တီကျု့ဒ်မျဉ်းကို စစ်မဲ့ဇုန် DMZ အဖြစ် ဗဟိုထားပြီး တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံများအဖြစ် တရားဝင် ပြိုကွဲသွားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သာလျှင် လက်မှတ်ရေးထိုးနိုင်ပြီး စစ်ပြေငြိမ်းကြောင်း ပါဝင်ခြင်းမရှိတဲ့ အတွက် ကျွန်းဆွယ် နှစ်နိုင်ငံအကြား တရား၀င် စစ်မက်ဖြစ်ပွားနေဆဲလို့ မှတ်ယူနိုင်ပါတယ်။

#ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ #ကိုရီးယားသမ္မတနိုင်ငံ #စစ်ဘက်ထောက်လှမ်းရေးဂြိုလ်တု #အမေရိကန် #ဂျပန် #ဂူအမ်ကျွန်း

(Reuters., 2 December 2023,” North Korea says interference in its satellites would be declaration of war” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

MNDAA အနေဖြင့် လောက်ကိုင်မှ စစ်ဘေးရှောင်လာသောလူငယ်များကို ဖမ်းဆီးခေါ်ဆောင်၍ စစ်သား စုဆောင်းခြင်းများ ပြုလုပ်နေဟု နစကဆို

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved