တောင်ငူမြို့နယ်တွင် တွဲကားတိမ်းမှောက်၍ ဘေးတွဲဆိုင်ကယ်ပေါ် ပိမိခဲ့ပြီး ပိမိနေသူများကို ကယ်ထုတ်နေ
Pearl (NSS) - ဒီဇင်ဘာ ၂
တောင်ငူမြို့နယ်တွင် တွဲကားတိမ်းမှောက်၍ ဘေးတွဲဆိုင်ကယ်ပေါ် ပိမိခဲ့ပြီး ပိမိနေသူများကို ကယ်ထုတ်နေကြောင်း Save The Trees Rescue ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၂ရက်)၊ နေ့လည် (၃)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရွှေဘိုလေးကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွှေဘိုလေးကွေ့တွင် ပုလင်းခွံများသယ်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်ရာမှ ပလုံကောက်သူများလိုက်ပါလာသော ဘေးတွဲဆိုင်ကယ်အား ပိမိခဲ့ကြောင်း သိရသည်။
"ပလုံကောက်တဲ့ ဘေးတွဲဆိုင်ကယ်ကို ပိမိတာပါ။ တစ်ယောက်တော့ ဆွဲထုတ်နိုင်ပြီ။ အောက်မှာ ဘယ်နှယောက်ကျန်လဲ အတည်မပြုနိုင်ပါဘူး၊ တစ်ယောက်ကျန်တာလည်းဖြစ်နိုင်တယ်။ နှစ်ယောက်ကျန်တာလည်းဖြစ်နိုင်တယ်။ လက်ရှိ ပုလင်းတွေဖယ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေပါတယ်"ဟု Save The Trees Rescue ၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် အမျိုးသားတစ်ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတွင် ခါးရိုးကြိုးဒဏ်ရာများရရှိထားကာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
အဆိုပါ ဘေးတွဲဆိုင်ကယ်တွင် လူမည်မျှလိုက်ပါလာသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကူညီ ကယ်ဆယ်ရေးများလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂြိုလ်တုလွှတ်တင်ခြင်းများအပေါ် ကြားဝင်စွက်ဖက်မှုတွေကို တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားစစ်ဘက်သတိပေး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း