တရုတ်နဲ့ မြန်မာနိုင်ငံကြားရှိတဲ့ ဆွေမျိုးပေါက်ဖောက်ဆက်ဆံရေးကို သဘောထားကွဲအောင်လုပ်ဆောင်မှုတွေ အောင်မြင်မှာ မဟုတ်ကြောင်း တရုတ်အစိုးရပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၃ဝ
တရုတ်နဲ့ မြန်မာနိုင်ငံကြား ပေါက်ဖော်ဆက်ဆံရေးကို ထိခိုက်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံမှာမဟုတ်သလို အောင်မြင်မှာလည်းမဟုတ်ကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဝမ်ဝမ်ဘင်းဟာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေပီသတင်းဌာနရဲ့မေးမြန်းတွေကိုတုံ့ပြန်ဖြေဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ တရုတ် နဲ့ မြန်မာနိုင်ငံတို့ဟာ မိတ်ဆွေအိမ်နီးချင်းနိုင်ငံတွေဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာ၊ အာဏာ ပိုက်နက်နယ်မြေတွေကို အမြဲတမ်းလေးစားမှုရှိပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့အတွက် မျှော်လင့်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာစေဖို့ အခိုင်မာထောက်ခံအားပေးပါတယ်" လို့ ပြောပါတယ်။
တအောင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေဟာ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာတပ်မတော်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ စတင် ဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးအတွက် အဓိကဆက်သွယ်တဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ပင်ဖြတ်တောက်ထားကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် တရုတ်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ မြန်မာနယ်စပ်ဒေသအနီး မှာ ကျည်အစစ်နဲ့ပစ်ခတ်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေကို နိုဝင်ဘာ ၂၅ ရက်က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦး သေဆုံး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ