အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနေကြောင်း နစကဝန်ကြီး အသိပေး
ယွန်း (NSS) - စက်တင်ဘာ ၂၂
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စက်တင်ဘာ(၂၁)ရက်တွင် နေပြည်တော်ရှိ စွမ်းအင် ဝန်ကြီးဌာန၌ ကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျက်ရှိပြီး အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန် အဆင့်အလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဖြင့် အဂတိကင်းရှင်းသည့်ဌာန၊ ပတ်ဝန်းကျင်ကောင်းတစ်ခုကို အကောင်အထည်ဖော်ရန် ၎င်းက ဆက်လက်ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုမရှိစေရေးနှင့် ပပျောက်စေရေး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit-CPU) ကို ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ၎င်းက အသိပေးပြောကြားသည်။
နစကမှ နိုင်ငံတော်အာဏာရယူပြီးနောက် နိုင်ငံအတွက် ငွေကျပ်ဘီလျံ(၂၅ဝ)ကျော် နှင့် အမေရိကန်ဒေါ်လာ (၁၃)သန်းကျော် နစ်နာဆုံးရှုံးစေခဲ့သော အဂတိအမှု(၁ဝ၈)မှုကို ဖော်ထုတ်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံက မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်မည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နှင်းရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်
RELATED POSTS
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
11 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ