Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံက မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်မည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နှင်းရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်

ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၂

ရုရှားနိုင်ငံသည် မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်မည့် နိုင်ငံတကာ အကြမ်းဖက်မှုနှိမ်နင်းရေးလေ့ကျင့်ခန်းကို လာမည့်ရက်ပိုင်းအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရုရှားနိုင်ငံသည် အဆိုပါလေ့ကျင့်ခန်းကို စက်တင်ဘာ ၂၅ ရက်မှ ၃ဝ ရက်အထိ ၅ ရက်ကြာ Primorye ဒေသရှိ Ussuriysk မြို့ နှင့် Vladivostok မြို့တို့တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏ ADMM-Plus အစီအစဉ်အရ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများကြား ပြုလုပ်သော လေ့ကျင့်ခန်းဖြစ်ကြောင်း သိရသည်။


အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများ ADMM-Plus ၏ အကြမ်းဖက်မှုနှိမ်နှင်းရေး လေ့ကျင့်ခန်းများ နှင့် ဆွေးနွေးမှုများကို ယခုနှစ်တွင် မြန်မာနှင့် ရုရှားတို့က ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး မြန်မာနိုင်ငံတွင် သြဂုတ်လက ADMM-Plus EWG on CT Table-Top Exercise စားပွဲတင် လေ့ကျင့်ခန်းဆွေးနွေးပွဲများကို ကျင်းပခဲ့ကြသည်။


ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ADMM-Plus အဖွဲ့ဝင်နိုင်ငံများ မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်မယ့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလေ့ကျင့်ခန်းတွေကို စက်တင်ဘာလအတွင်း ရုရှားပိုင်နက် ပရီမိုရီဒေသမှာ ကျင်းပမှာဖြစ်ပါတယ်" ဟု ပြောသည်။

ADMM-Plus အဖွဲ့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန် နှင့် ဂျပန်တို့ ပူးပေါင်းပါဝင်ကာ ၂ဝ၁ဝ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ရုရှား နှင့် မြန်မာနိုင်ငံတို့ ဦးဆောင်ပြီး ယခုနှစ်တွင်   ADMM-Plus အစည်းအဝေးများ၊ လေ့ကျင့်ခန်းများ ကျင်းပနေခြင်းအပေါ် နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်ပြစ်တင်ခဲ့သော်လည်း အစီအစဉ်များအတိုင်း ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် သြဂုတ်လ နှင့် ရုရှားနိုင်ငံတွင် စက်တင်ဘာလအတွင်း အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူးယစ်ဆေး- ကုသရန်ခက်ခဲသော ကာလသားရောဂါများ၊ ဗီယက်နမ် ရိုစ်နှင့် ကမ္ဘာကျော်သည့် အမေရိကန်စစ်တပ်

RELATED POSTS
RECENT POSTS
နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ
23 Oct 2024
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved