Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူးယစ်ဆေး- ကုသရန်ခက်ခဲသော ကာလသားရောဂါများ၊ ဗီယက်နမ် ရိုစ်နှင့် ကမ္ဘာကျော်သည့် အမေရိကန်စစ်တပ်

Htay Oung (NSS) - စက်တင်ဘာ ၂၂ 

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်က ဖွင့်လှစ်ထားတဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို ဆိုးလ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မရိန်းတပ်သား ၁၇ ယောက်ကို သံသယရှိတယ်လို့ BBC က ယမန်နေ့ ရေးသားပါတယ်။ တကယ်တော့ အမေရိကန်စစ်တပ်သွားလေရာ မူးယစ်ဆေးဝါးပြဿနာဟာ ဒွန်တွဲနေ ခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။

မူးယစ်ဆေးဝါးကို ကမ္ဘာသုံးဖြစ်လာအောင် စတင်သူက အမေရိကန် CIA ဖြစ်ပြီး၊ သုံးစွဲမှု အလေ့အထကို ဖြန့်ဖြူးသူ က အမေရိကန်စစ်သားများဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာ အပါအဝင် နိုင်ငံအတော်များများမှာ ကူးစက် ပျံ့နှံ့နေတဲ့ AIDS လို့ မြန်မာတို့သိနေကြတဲ့ HIV အပါအဝင် ကြောက်မက်ဖွယ် ကာလသားရောဂါကို ဖြန့်ဖြူသူဟာလည်း အမေရိကန်စစ်တပ်ပါပဲ။


ရှေးဘုရင်များလက်ထက် မြန်မာ-တရုတ် အပါအဝင် အာရှတိုက်နိုင်ငံများမှာ ဘိန်းစား ဘိန်းရှူခြင်း ဓလေ့ရှိခဲ့ ပေမယ့် တွင်ကျယ်ခြင်း မရှိခဲ့ပါဘူး၊ ၁၉၅၄ ခုနှစ်မှ စတင်ပြီး အမေရိကန်နိုင်ငံဟာ မြန်မာ့အိမ်နီးချင်း လောနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံအတွင်း ကွန်မြူနစ်ဝါဒ တားဆီးရေးဆိုပြီး အင်ဒိုချိုင်းနား စစ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စစ်တိုက်ခဲ့ပါတယ်။

အဲဒီအချိန် မြန်မာနိုင်ငံဟာ ဖဆပလအစိုရလက်ထက် အင်းစိန်အထိ သိမ်းယူထားတဲ့ ရောင်စုံသူပုန်တို့ကို တပ်မတော်က ထပ်ချပ်မကွာ လိုက်လံ ရှင်းလင်းနေရဆဲကာလဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ် မော်စီတုန်းကို ရှုံးနိမ့်သွားတဲ့ ကူမင်တန် တရုတ်ဖြူတို့ဟာ ရှမ်းပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာကြပါ တယ်။

ဂျင်နရယ် လီမီရဲ့တရုတ်ဖြူစစ်တပ်ကို ဝင်ငွေ တစ်ဖက်တစ်လမ်းရရှိအောင် ဘိန်းစိုက်ပျိုးစေပြီး ကမ္ဘာကို ဖြန့်ခဲ့ခြင်း ဖြင့် “ဘိန်းစား_ဦးရေ_တိုးပွားရေး” ကို စတင်ခဲ့သူက အမေရိကန် CIA ဖြစ်ပါတယ်။ လော-မြန်မာ-ထိုင်း ၃-နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသဟာ ဘိန်းနဲ့ ဘိန်းဖြူခေါ် ဟီးရိုးအင်း မူးယစ်ဆေးကို ကမ္ဘာ့အများဆုံး ထုတ်လုပ်ရာ နယ်မြေ ဖြစ်လာရခြင်းရဲ့ နိဒါန်းလို့ ဆိုနိုင်ပါတယ်။ 


အဲဒီအစီအစဉ်ကို အတည်ပြုပေးခဲ့သူက အမေရိကန်သမ္မတ ထရူးမင်း ဖြစ်ပြီး မူးယစ်ဆေးဝါးများနဲ့ စစ်လက်နက် ခဲယမ်းများကို စစ်လေယာဉ်ကြီးများ အသုံးပြုပြီး အပြန်အလှန် သယ်ပို့ပေးတဲ့အထိ အကြံပက်စက်ခဲ့ပါတယ်။

ဗီယက်နမ်စစ်ပွဲရောက် အမေရိကန်စစ်သားများအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းဟာ ထမင်းစားရေသောက်ကိစ္စ သာဖြစ်ခဲ့ပါတယ်။ အဲဒီအလေ့အထဟာ အမေရိကန်စစ်စခန်းများရှိရာ ကမ္ဘာအရပ်ရပ်မှာ ယနေ့တိုင် ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။

HIV ဗိုင်းရပ်စ်ဟာ AIDS (ခေါ်) ခုခံအား ကျဆင်းမှုရောဂါကို ဖြစ်ပွားစေပြီး ကုသရန်ခက်ခဲတဲ့ ခေတ်ပေါ် ကာလသား ရောဂါဖြစ်ပါတယ်။

ကနဦးအစ အာဖရိကတိုက် ဂရင်း_မန်းကီးခေါ် မျောက်ဝံတို့မှာ တွေ့ရှိရတဲ့ အဲဒီဗိုင်းရပ်စ်ဟာ အာဖရိကတိုက်ကို ဥရောပလူဖြူတို့ ကိုလိုနီအရှိန် အမြင့်တက်ဆုံး ၁၉၁ဝ ပြည့်နှစ်တည်းက ဥရောပတိုက်သားများထံ (တိရစ္ဆာန်မှ လူသို့) ကူးစက်နေပုံရပါတယ်။ ယခု ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်နေတဲ့ ဘယ်လ်ဂျီယန် ကိုလိုနီနိုင်ငံ အတွင်း ၁၉၅၉ ခုနှစ်မှာ စတင်တွေ့ရှိရပြီး လူသိမများဘဲ ထူးဆန်းရောဂါအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။ 


၁၉၈၁ ခုနှစ် အမေရိကန်နိုင်ငံမှာ ယနေ့ခေတ် AIDS ရောဂါစုလို့ အများသိကြတဲ့ ခုခံအားကျဆင်း လူနာကို တွေ့ရှိရ တယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။


ဟောလိဝုဒ်ရုပ်ရှင်မင်းသား ရော့ခ်_ဟတ်ဆန်ဟာ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်၊ ချောမောတဲ့ရုပ်ရည်။ ထူးချွန်တဲ့ သရုပ်ဆောင်မှုတို့ကြောင့် ကမ္ဘာကျော်ပါတယ်။ သူ့မှာ HIV ဗိုင်းရပ်စ်စွဲကပ်နေကြောင်း ရော့ခ်ဟတ်ဆန်ရဲ့ ထုတ်ပြန်ကြေညာမှုဟာ တစ်ကမ္ဘာလုံး စိတ်၀င်စားစရာဖြစ်ခဲ့ရပါတယ်။ 

၁၉၈၄ ခုနှစ် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်ခံရသူကို တွေ့ရှိရပြီး ၁၉၈၅ ခုနှစ်မှာ ခုခံအား ကျဆင်းမှုရောဂါနဲ့ ရော့်းဟတ်ဆန် ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရောဂါကို ယောက်ျားချင်း လိင်တူဆက်ဆံ သူများမှာသာ တွေ့ရှိရတဲ့ Gay Plague “ အခြောက်_ပလိပ်ရောဂါ” အဖြစ်သာ သတ်မှတ်ခဲ့ ကြပါတယ်

၁၉၆ဝ-၁၉၇၅ ခုနှစ်အထိ ထိုင်းနိုင်ငံဟာ အင်ဒိုချိုင်းနား စစ်ပွဲကာလ အမေရိကန်လေတပ်အခြေစိုက်စခန်းကို လက်ခံဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အပန်းဖြေ အနားယူလေ့ရှိတဲ့ အမေရိကန်စစ်သားများနဲ့အတူ မူးယစ်ဆေးဝါးနဲ့ ဆန်းကြယ် ခေတ်ပေါ် ကာလသားရောဂါများလည်း ပျံ့နှံ့လာခဲ့ပုံတယ်။ ၁၉၈၉ ခုနှစ် ဟောင်ကောင်ရောက် ဗီယက်နမ်ဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ ထူးခြား ဆစ်ဖလစ်ရောဂါကာလသားရောဂါကို စတင်ခြေရာခံမိကြပါတယ်။

STD လို့ ခေါ်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတွေမှာ ဆစ်ဖလစ် (ခေါ်) လိင်အင်္ဂါ ရေယုန်နဲ့ ဂနိုကျခြင်းတို့ ပါဝင်ပါတယ်။ ယောက်ျားလိင်တံ- မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ လိင်အင်္ဂါပေါ် (သို့မဟုတ်) အနီးတစ်ဝှိုက်တွင် အနာဖြစ်ခြင်း၊ တင်ပါးဆုံတစ်ဝှိုက် နာကျင်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ သမားရိုးကျ ကာလသားရောဂါ အချို့ သည်ပင်လျှင် ထိရောက်စွာ ကုသမှု မရှိလျှင် ရောဂါပိုး ယဉ်ပါးသွားပြီး ရောဂါဆန်းသွားခြင်း၊ မျိုးရိုးလိုက်ခြင်းမှ သားသမီး မရနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။


မူလက (ဆီးပူညောင်းကျ) ဂနိုကျခြင်း ကာလသားရောဂါကို တရုတ်တို့ ခေါ်တဲ့ “ဗီယက် နမ်_ရို့စ်” ဟာ ယောက်ျား လိင်တံမှာ ကြက်အအမောက်သဖွယ် နီနီရဲရဲ နှင်းဆီပွင့်လို ဆစ်ဖလစ်အနာအဖြစ် ကြောက်လန့်တကြား လူသိများ လာခဲ့ရပါတယ်။ ယောက်ျားအင်္ဂါ ထူးဆန်းကြွက်နို့ရောဂါကလည်း ဗီယက်နမ် စစ်မြေပြင်ရောက် အမေရိကန် စစ်သားများမှာ တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် အနောက်မီဒီယာများဟာ ဒီသတင်းကို ထိန်ချန် ထားကြတယ်လို့ ဆိုပါတယ်

၁၉၇၅ ခုနှစ်မှာ ထိုင်းအစိုးရက အမေရိကန်လေတပ်အခြေစိုက်စခန်းကို ပိတ်ပစ်ခဲ့ပေမယ့် ငပွကြီးတို့ ပေးခဲ့တဲ့ အမွေ ကတော့ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ HIV ဗိုင်းရပ်စ်ဟာ ယောက်ျားချင်း လိင်တူ ဆက်ဆံသူများ သာမက ကျား နှင့် မ လိင်ကွဲဆက်ဆံသူများမှာပါ ကူးစက်နေပြီဖြစ်ပါတယ်။ 

ပြင်သစ်နဲ့ အမေရိကန်တို့ ကျူးကျော်ခံလိုက်ရတဲ့ နှစ် ၃ဝ ကြာ စစ်ပွဲအပြီး တောင်ဗီယက်နမ်နိုင်ငံမှာလည်း ငှက်ဖျား၊ အကျိတ်ပလိပ်ရောဂါ၊ အနာကြီးရောဂါ၊ တီ ဘီ၊ ကာလသားရောဂါ စသဖြင့် ရောဂါပေါင်းစုံနဲ့ ပြည့်တန်ဆာ ၃ဝဝဝဝဝ တို့ ပျံ့နှံ့ရာ တိုင်းပြည်အဖြစ် ကျန်ရစ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ သိရှိရတယ်လို့ “အေပီ သတင်းအေဂျင်စီ” (21 March 1978) က ရေးသားပါတယ် ။

အစဉ်လေးစားစွာဖြင့်

#HtayOung, #Oung

#အမေရိကန်စစ်တပ်နှင့်_မူးယစ်ဆေးဝါး #CIA #HIV #AIDS #ကူမင်တန်တရုတ်ဖြူ #ဘိန်းဖြူ_ဟီးရိုးအင်း #ကာလသားရောဂါ #ဗီယက်နမ်_ရို့စ် #ဆီးပူညောင်းကျ #ဆစ်ဖလစ်

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်း စက်သုံးဆီဈေးများ အနည်းငယ် ပြန်လည်ကျဆင်းလာ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved