ကိုလံဘီယာနိုင်ငံသားကို အပိုင်းပိုင်းခုတ်ဖြတ်သတ်ခဲ့သော စပိန်နာမည်ကြီးသရုပ်ဆောင်၏ သားဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
Pika (NSS) - ဩဂုတ် ၁ဝ
နာမည်ကြီး ထိုင်းခရီးသွားကျွန်းတစ်ခုတွင် အခြားနိုင်ငံခြားသားတစ်ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့သည့် စပိန်သရုပ်ဆောင်တစ်ဦး၏ သားဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထိုင်းရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။
Koh Pha Ngan ကျွန်းရှိ ရဲများက ၎င်းတို့တွင် အသက်(၂၉)နှစ်အရွယ် ဒန်နီရယ်ဆန်ချိုကို စွဲချက်တင်ရန် လုံလောက်သော သက်သေအထောက်အထားများရှိကြောင်း ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးရေးမှူး Somsak Nurod က "ကျွန်တော်တို့မှာ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိပြီး တရားခွင်စတင်ဖို့ လုပ်ဆောင် နေပါတယ်။ လက်ရှိအချိန်မှာတော့ ဒန်နီရယ်ဆန်ချိုကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်" ဟု ပြောခဲ့သည်။
နာမည်ကြီးစပိန်သရုပ်ဆောင် Rodolfo Sancho ၏ သားဖြစ်သူ ဒန်နီရယ်ဆန်ချိုသည် စားဖိုမှူးအဖြစ် လုပ်ကိုင်နေ ပြီး ဇူလိုင်လ(၃၁)ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် အသက်(၄၄)နှစ်အရွယ်ရှိသည့် ကိုလံဘီယာနိုင်ငံမှ ခွဲစိတ်ဆရာဝန် Edwin Arrieta Arteaga ဟု ယူဆရသော ရုပ်အလောင်းအစိတ်အပိုင်းများကို Koh Pha Ngan ကျွန်းရှိ အမှိုက်ပုံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီစီတီဗီမှတ်တမ်းများအရ ဒန်နီရယ်ဆန်ချိုသည် Edwin Arrieta Arteaga နှင့်အတူ ဆိုင်ကယ်စီးကာ ထွက်ခွာသွားသည်ကို တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း Edwin Arrieta Arteaga ကို သတ်ဖြတ်ခဲ့သည့် ဒန်နီရယ် ဆန်ချို၏ ရည်ရွယ်ချက်ကို လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း ထိုင်းရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။
ဩဂုတ်လ(၅)ရက်တွင် ဒန်နီရယ်ဆန်ချိုသည် Edwin Arrieta Arteaga ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်ပစ်ခဲ့သည်ဆိုသည့်နေရာအများအပြားသို့ စုံစမ်းစစ်ဆေးရေးမှူးများနှင့်အတူ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုင်းဥပဒေအရ တရားမဝင်လူသတ်မှုကျူးလွန်ခြင်းများကို သေဒဏ်အထိ ချမှတ်ထားကြောင်း သိရသည်။
ဒန်နီရယ်ဆန်ချို၏ မိသားစုသည် ဘန်ကောက်ရှိ စပိန်သံရုံးနှင့် ဆက်သွယ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးခွန်းမေးခြင်းများ မပြုလုပ်ကြရန် Rodolfo Sancho ၏ အေးဂျင့်တစ်ဦးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအတွက် သူလျှိုလုပ်ပေးနေသည့် စစ်ဖက်အရာရှိကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း