ရုရှားအတွက် သူလျှိုလုပ်ပေးနေသည့် စစ်ဖက်အရာရှိကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော
Pika (NSS) - ဩဂုတ် ၁ဝ
ရုရှားထောက်လှမ်းရေးအဖွဲ့များထံ သတင်းအချက်အလက်များပေးပို့နေသည်ဟု သံသယရှိသော စစ်တပ်အရာရှိတစ်ဦးကို ဂျာမနီရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်၊၊
အဆိုပါအရာရှိသည် ရုရှားအတွက် သူလျှိုလုပ်သည်ဟု စွပ်စွဲမှုများရှိခဲ့သည့် တစ်နှစ်အတွင်း သုံးယောက်မြောက် ဂျာမနီနိုင်ငံသားလည်းဖြစ်ကြောင်း သိရသည်။ စစ်ဘက်ဆိုင်ရာဝယ်ယူရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Thomas H.ဟု အမည်ရသောအမျိုးသားကို Koblenz မြို့တွင် ဩဂုတ်လ(၉)ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဂျာမန် ဖက်ဒရယ်အစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရားရေးဝန်ကြီး Marco Buschmann က "နိုင်ငံခြားလျှို့ဝှက်ထောက်လှမ်းရေးဌာနမှာ အလုပ်လုပ်တယ်လို့ သံသယရှိတဲ့ ဂျာမန်စစ်တပ်အရာရှိတစ်ဦးကို ဖက်ဒရယ်အစိုးရရှေ့နေရုံးက ဖမ်းဆီးလိုက်ပါတယ်။ ဒီကိစ္စမှာ ပါဝင် ကူညီပေးခဲ့တဲ့ လူအားလုံးကိုကျေးဇူးတင်ပါတယ်" ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ အမျိုးသားသည် ပြီးခဲ့သည့် မေလမှစတင်ပြီး Bonn မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံး နှင့် ဘာလင်ရှိသံရုံးတို့သို့ အကြိမ်ပေါင်းများစွာ ချဉ်းကပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖက်ဒရယ်အစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ထို့အပြင် ၎င်းသည် ၎င်း၏ အလုပ်အတွင်းမှ သတင်းအချက်အလက်များကို ရုရှားအေးဂျင့်များထံ လွှဲပြောင်းပေးခဲ့ကြောင်း အစိုးရရှေ့နေများက အခိုင်အမာပြောကြားခဲ့သည်။
သို့သော်လည်း သတင်းအချက်အလက်များကို ရုရှား၏ ထောက်လှမ်းရေးအေဂျင်စီများက လက်ခံရရှိထားခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို အစိုးရရှေ့နေရုံးက အသေးစိတ်ထုတ်ပြန်ပြောကြားထားခြင်းမျိုး မရှိကြောင်း သိရသည်။
ရုရှား-ယူကရိန်းပဋိပက္ခကြားတွင် ရုရှားအတွက်သူလျှိုလုပ်ပေးမှုများ ပိုမိုမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး ဂျာမန် အစိုးရတာဝန်ရှိသူများက အကြိမ်ကြိမ်သတိပေးပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။ ဂျာမနီအစိုးရသည် ရုရှားသံတမန် (၄ဝ) ဦးကို သူလျှိုလုပ်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့်ဧပြီလတွင် နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါစွပ်စွဲချက်များကိုပယ်ချခဲ့ပြီး လက်တုံ့ပြန်သည့်အနေဖြင့် ဂျာမနီ သံတမန် (၄ဝ) ဦးကို ရုရှားနိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသင်းဖော်ဟောင်း မက်ဆီရှိသည့် အမေရိကန်မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေသည့် နေမာ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ