မဟာအောင်မြေမြို့၌ ချောင်းအတွင်း ရေနစ်သေဆုံးနေသော အမျိုးသားအလောင်းတွေ့ရှိ
စော (NSS) - ဩဂုတ် ၁၀
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ချောင်းအတွင်း ရေနစ်သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မဟာ-လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၀ ရက်)၊ မွန်းလွဲ (၁)နာရီခွဲဝန်းကျင်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၃၈လမ်း ၊ ၈၇ x ၈၈ ကြား၊ ဦးပေစိဘုရားဝန်းရှေ့ ၊ သင်္ဂဇာချောင်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေနစ်သေဆုံးနေတဲ့ပုံစံကတော့ကြာနေပါပြီ။ လက်ရှိတော့ သူနဲ့ပတ်သက်ပြီးတော့ ဘာမှမသိရသေးပါဘူး။ ပြင်ပဒဏ်ရာတော့မရှိပါဘူး”ဟု မဟာ-လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၄၀)ကျော်ဝန်းကျင်အရွယ်ရှိပြီး ၎င်းနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ မသိရသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့(ဩဂုတ်လ ၉ ရက်)၊ နံနက် (၁၀)နာရီခွဲအချိန်တွင် အသက် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေခပ်ရာမှ ရေတွင်းထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနားမြို့နယ်တွင် ဆပ်ပြာခွက်များအတွင်းထည့်ကာ သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၄၀၀) နီးပါးတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း