မြစ်ကြီးနားမြို့နယ်တွင် ဆပ်ပြာခွက်များအတွင်းထည့်ကာ သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၄၀၀) နီးပါးတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် လက်ဆွဲခြင်းဖြင့်ထည့်လာသည့် ဆက်ပြာခွက်များအတွင်းမှ ငွေကျပ်(၃၉၆)သိန်းတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဩဂုတ်လ ၉ရက်)၊ ညနေ ၄နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နမ္မတီးမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားကို ရှာဖွေခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးရှာဖွေခဲ့ရာ ၎င်းယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ဒေါ်ထွေးပို(၄၅)နှစ်၏ လက်ဆွဲခြင်းအတွင်းရှိ ဆပ်ပြာခွက်များတွင် ထည့်ထားသည့် ငွေကျပ်(၃၉၆)သိန်းတန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် (၉၉၀) ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅နာရီ ၄၀မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို၊ ရပ်ကွက်(၈)၊ ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်းတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေစဉ် မာလ(၅၈)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းထံမှ ငွေကျပ်(၇၈)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၇၈၀၀)ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် ဖမ်းဆီးအရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၆)လတာကာလအတွင်း ကျွန်းသစ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၄)သန်းခန့် ရရှိထား
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း