စစ်တွေမြို့၌ ပင်လယ်ထဲဆင်းသွားသည့် ကျောင်းအုပ်ဆရာကြီး၏ အလောင်းအား ပြန်လည်ရှာတွေ့
စော (NP News)- ဇွန် ၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပင်လယ်ထဲဆင်းသွားသည့် ကျောင်းအုပ်ဆရာကြီး၏ အလောင်းအား ပြန်လည်ရှာတွေ့ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဇွန်လ ၃ရက်)၊ ညနေ (၅)နာရီခွဲအချိန်တွင် စစ်တွေမြို့၊ ဘာဆာရွာအနောက်ဘက်အခြမ်းရှိ ရေကမ်းစပ်တွင် အလောင်းအား ပြန်လည်ရှာတွေခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းထံမှ သိရသည်။
အဆိုပါကျောင်းအုပ်ဆရာကြီးသည် ပြီးခဲ့သည် ဇွန်လ(၂)ရက်တွင် စစ်တွေကမ်းနားလမ်းပေါ်၌ ၎င်း၏ဆိုင်ကယ်အားထားခဲ့ပြီး ပင်လယ်ထဲသို့ ဆင်းသွားကြောင်း သိရသည်။
“ဇွန်လ ၂ ရက်နေ့က သူဘာသာသူရေထဲဆင်းသွားတာပါ။ ဇွန်လ ၃ရက်ညနေမှ စစ်တွေဟိုတယ်ရဲ့အနောက်ဘက်ကမ်းစပ်မှာပြန်တွေ့တာပါ။ ပြင်ပဒဏ်ရာတော့မတွေ့ပါဘူး။ ရှာတာကတော့ ကျွန်တော်တို့သိပ်မရှာလိုက်ရပါဘူး။ စစ်တွေဘက်ခြမ်း ဆေးကျောင်းစပ်ကိုသွားရှာတယ်။ ကမ်းနားဘက်တစ်ခြမ်းကိုလည်း သွားရှာခဲ့ပါတယ်”ဟုရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အမျိုးသားသည် ဦးသိန်းနိုင်(၄၅)နှစ်ဖြစ်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား စစ်တွေပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် နေအိမ်အတွင်းရှိလူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
08 Nov 2024 | မှုခင်း,နိုင်ငံတကာ
08 Nov 2024 | မှုခင်း,ပြည်တွင်း