ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် နေအိမ်အတွင်းရှိလူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိ
NP News - ဇွန် ၄
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်၌ရှိနေသူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၃ ရက်)၊ နံနက်(၉)နာရီအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအဖွဲ့အစည်းထံမှ သိရသည်။
“လက်နက်ကြီးရဲ့အစကကွဲပြီး သူတို့ကို သွားမှန်တာပါ။ သူတို့နေတဲ့အိမ်က တဲအိမ်လိုမျိုးဆိုတော့ အိမ် ခန်းကမလုံခြုံဘူး။ လက်ရှိတော့ သူတို့အခြေအနေကမစိုးရိမ်ရတော့ပါဘူး”ဟု အခင်းဖြစ်ပွားရာနေရာရှိ ဒေသခံတစ်ဦးက NP News ကိုပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသည့် ကလေးနှစ်ဦးအနက် တစ်ဦးသည် အသက် (၇)နှစ်အရွယ်ဖြစ်ပြီး ကျန်တစ်ဦးသည် အသက်(၃)နှစ်အရွယ်ဝန်းကျင်ရှိကြောင်း သိရသည်။
အဆို ထိခိုက်ဒဏ်ရာရရှိသူများကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိတွင် စိုရိမ်စရာအခြေ အနေမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ NGO အဖွဲ့အစည်းများနဲ့ခေါင်းဆောင်များကို ပြည်ပနိုင်ငံများရဲ့ ငွေကြေးအထောက်အပံ့အကူအညီမရယူဖို့ ဝန်ကြီးချုပ်ဟွန်ဆန် သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ