ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ NGO အဖွဲ့အစည်းများနဲ့ခေါင်းဆောင်များကို ပြည်ပနိုင်ငံများရဲ့ ငွေကြေးအထောက်အပံ့အကူအညီမရယူဖို့ ဝန်ကြီးချုပ်ဟွန်ဆန် သတိပေး
ဂျန်ဇက် (NP News) - ဇွန် ၄
ကမ္ဘာဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က နိုင်ငံအတွင်းရှိ NGO အဖွဲ့အစည်းများနဲ့ ခေါင်းဆောင်များအနေနဲ့ ပြည်ပနိုင်ငံ များက ငွေကြေးအကူအညီများကို မရယူဖို့ နဲ့ ကမ္ဘောဒီးယားနိုင်ငံကို ဝေဖန်တိုက်ခိုက်ခြင်းများ မလုပ်ဆောင်ဖို့ သတိပေးပြောဆိုလိုက်ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Kampong Chhnang ပြည်နယ်ရှိ အလုပ်သမား ၂ဝဝဝဝ နီးပါးနဲ့ တွေ့ဆုံချိန်အတွင်း အခုလိုမျိုးသတိပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NGOs) အဖွဲ့အစည်းများဟာ ဘဏ္ဍာရေးရှင်းတမ်းများကို ထုတ်ပြန်ရာမှာ မမှန်မကန် ဖော်ပြခြင်းများ ရှိခဲ့တာကြောင့် ဘဏ္ဍာရေးရှင်းတမ်းကို မှန်ကန်စွာလုပ်ဆောင်ရမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောပါတယ်။
(NGOs) အဖွဲ့အစည်းတွေဟာ ဘဏ္ဍာရေးရှင်းတမ်းတွေကို မှန်ကန်စွာဖော်ပြမှုမရှိဘူးဆိုရင် ဖျက်သိမ်းခံရမှာဖြစ် ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် က ပြောပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က (NGOs) အဖွဲ့အစည်းများဟာ နိုင်ငံခြားတိုင်းပြည်များက ငွေကြေးအထောက်ပံ့များရယူခြင်း မလုပ်ဆောင်သင့်ကြောင်း ထပ်မံ သတိပေးခဲ့ပါတယ်။
ကမ္ဘာဒီးယားဝန်ကြီးချုပ်ဟာ ကမ္ဘာဒီးယားနိုင်ငံရဲ့ကုလသမဂ္ဂလူအခွင့်အရေးအထူးကိုယ်စားလှယ်ကိုလည်း ကမ္ဘောဒီးယားနိုင်ငံနဲ့ပတ်သက်ပြီး ဆွေးနွေးခြင်းများမလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်က "ကျွန်တော်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့လူအခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မှန်မှန်လ ကန်ကန်ဖော်ပြတာ လိုချင်မိတယ်" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့် ဇူလိုင်လအတွင်း ရွေးကောက်ပွဲကျင်းပမှာဖြစ်ရာ အဓိကအတိုက်ခံပါတီကို ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်မပေးဘဲ ပိတ်ပင်ထားတယ်လို့ အနောက်အုပ်စုနိုင်ငံများက ဝေဖန်စွပ်စွဲနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိအားပေးနေသည့် ဝါရှင်တန်ကို ရှိတ်ဟာစီနာက လေသံမာမာဖြင့် အံတုတိုက်ခိုက်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း