Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖိအားပေးနေသည့် ဝါရှင်တန်ကို ရှိတ်ဟာစီနာက လေသံမာမာဖြင့် အံတုတိုက်ခိုက်

Htay Oung (NP News) - ဇွန် ၄

တစ်ယောက်ယောက်အနေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို နာရီ ၂ဝ ကြာ လေယာဉ်စီးဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံ ကိုမှ မသွားရဘူး ဆိုလျှင်လည်း ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဇွန်လ ၃ ရက်၊ စနေနေ့မှာ ပြောဆိုလိုက်တယ်လို့ Dhaka Tribune က ယမန်နေ့ ရေးသားပါတယ်။

“ကမ္ဘာပေါ်မှာ တခြားသမုဒ္ဒရာတွေနဲ့ တခြားတိုက်ကြီးတွေ ရှိနေပါတယ်။ သမုဒ္ဒရာတွေကို ဖြတ်ကျော်ပြီး တခြား တိုက်ကြီးတွေနဲ့ မိတ်ဆွေဖွဲ့မယ်။ ကျွန်မတို့ရဲ့စီးပွားရေးဟာ ပိုအားကောင်း ပိုဖွံ့ဖြိုးပြီး တက်ကြွလာပါလိမ့်မယ်” လို့ ဝန်ကြီးချုပ်က အခိုင်အမာပြောလိုက်ပါတယ်။

ဒါကာမြို့ တက်ဂ်ျရွန်နယ်မြေရှိ ဒါကာခရိုင်အဝါမီလိဂ်ရုံး အဆောက်အအုံကို ဖွင့်ပွဲအခန်းအနားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်က ယခုလို ပြောဆိုခြင်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေပြီး အစိုးရက တိုင်းပြည်ကိုတည်ဆောက်မည်ဖြစ် ကြောင်း၊ အခြားသူများအပေါ် မှီခိုနေမှာ မဟုတ်ဘဲ၊ ဗီဇာထုတ်မပေးတဲ့သူ၊ ပိတ်ဆို့အရေးယူမည့်သူတွေအပေါ် မှီခို နေစရာအကြောင်း မရှိဘူးလို့ ဆိုပါတယ်။

အတိုက်အခံ BNP ကို ရည်ညွှန်းတဲ့အနေနဲ့ မဲလိမ် မဲခိုးပြီး ပြည်သူများရဲ့ကံကြမ္မာနဲ့ကစားနေတဲ့ပါတီကို (တစ်ချက်လေး) လှည့်ကြည့်သင့်ကြောင်း အမေရိကန်ကို အကြံပေးလိုက်ပါတယ်။

ကနေဒါတရားရုံးချုပ်က BNP ကို အကြမ်းဖက်ပါတီအဖြစ် ကြေညာခဲ့ကြောင်း၊ အကြမ်းဖက်မှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ဆန့်ကျင်တယ်ဆိုရင် အမေရိကန်အနေနဲ့ တာရစ်ခ်_ဇီယာကို ဗီဇာထုတ်ပေးမှာ မဟုတ်ကြောင်း၊ အဝါမီလိခ်ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ လူမှုဖူလုံရေးနဲ့ အကျိုးကျေးဇူး ဖြစ်ထွန်းရာဖြစ်ထွန်းကြောင်းကို ကောင်းကောင်းသိကြောင်း၊ အဲ့ဒီ သံဓိဋ္ဌာန်ကို စွဲမြဲထားပြီး “ဖွံ့ဖြိုးမှု အနည်းဆုံးတိုင်းပြည်” ဘင်္ဂလားဒေ့ရှ်ကို “ဖွံံ့ဖြိုးဆဲတိုင်းပြည်” ဖြစ်အောင်လုပ်ပေးခဲ့ပြီး ၂ဝ၄၁ ခုနှစ်အရောက် ဖွံ့ဖြိုးပြီးတိုင်းပြည်ဖြစ်ရေး လုပ်ဆောင် နေကြောင်း၊ အနာဂတ်မျိုးဆက်များအတွက် ဒဲလ်တာစီမံကိန်း ၂၁ဝဝ ပြည့်ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ အာဏာရပါတီအကြီးအကဲလည်းဖြစ်သူ ဟာစီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်သူတွေဟာ “လှေ” ( အဝါမီလိခ် ရွေးကောက်ပွဲ သင်္ကေတ) ကို မဲပေးမှသာ သူတို့ရဲ့ကံ ကြမ္မာကို ပြောင်းလဲပစ်နိုင်မယ်ဆိုတာ သူတို့ဖာသာ သိရှိကြကြောင်း၊ ပြည်သူတွေအတွက် အနစ်နာခံတဲ့ အဝါမီလိဂ် ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကိုသာ မဲပေးကြမှာဖြစ်ကြောင်း၊ ၂ဝဝ၈၊ ၂ဝ၁၄ နဲ့ ၂ဝ၁၈ ရွေးကောက်ပွဲတွေမှာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက အဝါမီလိဂ်အာဏာရဖို့အတွက် မဲပေးခဲ့ကြခြင်းဖြင့် တိုင်းပြည်မှာ တည်ငြိမ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဝန်းကျင်နဲ့အတူ မကြုံစဖူး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို မထိန်းသိမ်းဘဲ အဝါမီလိဂ်သာ အာဏာမရရှိခဲ့ဘူးဆိုရင် တိုင်းပြည်မှာ ဒီလိုမျိုးဖွံ့ဖြိုး တိုးတက်လာမှာ မဟုတ်ကြောင်း၊ ဒါဟာ ပကတိလက်တွေ့ဖြစ်ပြီး တိုင်းပြည်အတွက် ဘယ်သူကမှ လုပ်ပေးမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောပါတယ်။

ဒါကာခရိုင် အဝါမီလိဂ် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်လာတဲ့ဝန်ကြီးချုပ်ကို ပါတီခေါင်းဆောင် များနဲ့ တက်ကြွလှုပ်ရှားသူများက လမ်းဘေးနှစ်ဘက်လုံးမှာ စီတန်းကြိုဆိုခဲ့ကြပါတယ်။ အခန်းအနားကို ရှိတ်ဟာစီနာနဲ့အတူ အဝါမီလိခ်ပါတီအထွေထွေအတွင်းရေးမှူး၊ ဝန်ကြီးချုပ်ရဲ့ ပုဂ္ဂလိကစက်မှုလက်မှုနှင့် ရင်းနှီး မြှုပ်နှံမှုအကြံပေးပုဂ္ဂိုလ်၊ တရားလွှတ်တော်ရှေ့နေများအဖွဲ့ အဖွဲ့ဝင်များ၊ ပါတီစည်းရုံးရေးမှူးများ၊ ပြည်ထဲရေး ဝန်ကြီး၊ ပြည်နယ်စွမ်းအင်နှင့် ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးသဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်လည်း တက်ရောက်ကြပါတယ်။

(အသက် ၅၅ နှစ်အရွယ် တာရစ်ခ်_ဇီယာ (ခေါ်) တာရစ်ခ်_ရာမန်ဟာ ကွယ်လွန်သူ သမ္မတဟောင်း ဇီယာ_ရာ မန်နဲ့ ခါလီဒါ_ ဇီယာတို့ရဲ့အကြီးဆုံးသားဖြစ်ပြီး လက်ရှိအတိုက်အခံ BNP ပါတီရဲ့ ဒုတိယဥက္ကဖြစ်ပါတယ်။ နိုင်ငံရေး မလုပ်ဖို့ တားမြစ်ခံထားရတဲ့ပါတီဥက္ကဋ္ဌ မိခင်ဖြစ်သူ မကျန်းမာတဲ့အတွက် ပါတီယာယီဥက္ကဋ္ဌတာဝန်ယူနေသူ လည်း ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဇီယာရာမန်ဟာ ဘင်္ဂလားဒေ့ရှ် ဒုတိယတပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ၁၉၈၁ ခုနှစ် စစ်တကောင်းမြို့မှာ ရောက်ရှိနေခိုက် လုပ်ဖော်ကိုင်ဖက်အချို့ရဲ့ အာဏာသိမ်းရန် ကြိုးစားမှုမှာ အသတ်ခံခဲ့ရပါ တယ်။ သမ္မတဟောင်းကတော် မုဆိုးမ ခါလီဒါဇီယာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီး ချုပ်ဖြစ်ပြီး ၁၉၉၁-ခုနှစ်မှ ၂ဝဝ၁ ခုနှစ်ထိ နှစ်ကြိမ်ဆက်တိုက် အာဏာရရှိခဲ့ပါတယ်။

မိခင်ဖြစ်သူ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခိုက် တာရစ်ခ်ဇီယာဟာ ပါတီတွင်း အရေးပါရာထူးများကို ရယူခဲ့ပြီး နိုင်ငံရေး အငြင်းပွားမှုများ၊ အာဏာအလွဲသုံးမှုများ၊ အကျင့်ပျက်ခြစားမှု အများအပြားတို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂ဝဝ၄ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခိုက် ရှိတ်ဟာစီနာရဲ့ မော်တော်ယာဉ်တန်းကို စစ်သုံးလက်ပစ်ဗုံးနဲ့ ပစ်ပေါက်မှုမှာ ကြိုးကိုင်သူအဖြစ် ၂ဝ၁၈ခုနှစ်မှာ တာရစ်ခ်ဇီယာကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း မျက်ကွယ်မှာ ချမှတ်ခဲ့ပါတယ်။ တာရစ်ခ်ဟာ ၂ဝဝ၈ ခုနှစ်တည်းက ယူကေနိုင်ငံ လန်ဒန်မြို့ဆင်ခြေဖုံးမှာ နိုင်ငံရေး ခိုလှုံရောက်ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေများနဲပတ်သက်ပြီး ဒါကာအပေါ် ပိတ်ဆို့အရေးယူကြောင်း အမေရိကန်က ၂၀၂၂-ခုနှစ် ဧပြီလမှာ ကြေညာထားပါတယ်။

#အမေရိကန်အစိုးရ #ကနေဒါ #မဲလိမ်မဲခိုးပါတီ #ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် #ရှိတ်ဟာစီနာ #BNP #အဝါမီလိခ် #တာရစ်ခ်_ဇီယာ #ဖွံ့ဖြိုးမှု_အနည်းဆုံးတိုင်းပြည် #ဖွံ့ဖြိုးဆဲတိုင်းပြည် #ဖွံ့ဖြိုးပြီးတိုင်းပြည် #ဒဲလ်တာစီမံကိန်း_၂၁ဝဝ

(Dhaka Tribune., 03 June 2023,” PM strikes defiant tone in face of US pressure” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပမှ သတင်းများအား စုစည်းတင်ဆက်ခြင်း

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved