Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နျူကလီးယားလက်နက်များရရှိရန်အတွက် ရုရှားနှင့်နီးကပ်သော ဆက်ဆံရေးများတည်ဆောက်သင့်ကြောင်း ဘီလာရုစ်သမ္မတတိုက်တွန်း

Pika (NP News) - မေ ၂၉

နျုကလီးယားလက်နက်များကို ၎င်းတို့၏ပိုင်နက်နယ်မြေများတွင် ဖြန့်ကျက်ချထားခွင့်ပေးခြင်းဖြင့် ကာကွယ်ရေးကိုမြှင့်တင်ရန် ကြိုးပမ်းနေသော ဆိုဗီယက်ခေတ်လွန်နိုင်ငံများသည် ရုရှားနှင့်ပိုမိုနီးကပ် သော ဆက်ဆံရေးများကို တည်ဆောက်သင့်ကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ထုတ်ဖော်ပြောဆိုခဲ့သည်။

လူကာရှန်ကိုက "ရုရှားနိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလိုမျိုးရှိတဲ့ အခြားနိုင်ငံတွေသို့မဟုတ် ကာဇက်စတန်နိုင်ငံကို ဘယ်သူကမှ မဆန့်ကျင်ကြပါဘူး။ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် နိုင်ငံတိုင်းက နျူကလီးယားလက်နက်တွေရရှိပါလိမ့်မယ်။ စည်းလုံးညီညွတ်ဖို့အတွက် ထူးခြားတဲ့ မဟာဗျူဟာမြောက် အခွင့်အလမ်းတွေရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်သင့်ပါတယ်"ဟုပြောဆိုခဲ့သည်။

ရုရှားနှင့် ပေါင်းစည်းရန် လိုက်လျောညီထွေမဖြစ်နိုင်ဟု ထင်မြင်နေသောသူများအတွက် ၎င်း၏ကိုယ်ပိုင်အမြင်ကို မျှဝေပေးခြင်းဖြစ်ကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ပြောကြားခဲ့သည်။ ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev က"ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့ရဲ့နီးကပ်တဲ့ ဆက်ဆံရေးဟာ အာမေးနီးယား၊ ကာဇက်စတန်နဲ့ ကာဂျစ်စ္စတန်တို့ပါဝင်တဲ့ Eurasian Economic Union အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆက်ဆံရေးတွေနဲ့မတူပါဘူး"ဟုပြောဆိုခဲ့သည်။

ဘီလာရုစ်နိုင်ငံတွင် နျူကလီးယားလက်နက်များဖြန့်ကျက်ချထားပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က မတ်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဘီလာရုစ်သမ္မတလူကာရှန်ကိုက "နိုင်ငံတွင်းမှာ ရုရှားရဲ့ နျူ ကလီးယားလက်နက်တွေကို စတင်ဖြန့်ကျက်ချထားနေပါပြီ"ဟု မေလ(၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံတွင်း၌ ဖြန့်ကျက်ချထားသော်လည်း အဆိုပါလက်နက်များကို ထိန်းချုပ်ရေးနှင့်အသုံးချရေးသည် ရုရှားအစိုးရအပေါ်သာမူတည်ကြောင်း ရုရှားဘက်ကပြောဆိုခဲ့သည်။ ဘီလာရုစ်နိုင်ငံတွင် ရုရှား၏ နျူကလီးယားလက်နက်များဖြန့်ကျက်ချထားမှုကို အပျက်သဘောဆောင်သော လုပ်ရပ်တစ်ခုဟု မြင်မိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုခဲ့သည်။


zawgyi version


Pika (NP News) - မေ ၂၉






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံအတွင်း၌ ကျန်းမာရေးဝန်ထမ်း (၁)သိန်းကျော်သာရှိပြီး CDM ပြုလုပ်ခဲ့သူသည် (၅)သောင်းနီးပါးအထိရှိခဲ့

RELATED POSTS
RECENT POSTS
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved