Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမား (၁၆ဝ)ကျော်ကို မလေးရှားအာဏာပိုင်များဖမ်းဆီး

ဂျန်ဇက် (NP News) - မေ ၂၈


မလေးရှား အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကွာလာလမ်ပူမြို့ Jalan Bukit Kiara အရပ်ဒေသရှိဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းပြီးနောက် တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသားများကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမား (၁၆၂)ဦး ဖမ်းဆီးခံခဲ့ရကြောင်း

သိရပါတယ်။ 


ဖမ်းဆီးခံရသူတွေထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား (၁၁၈)ဦး၊ မြန်မာနိုင်ငံသား (၂၃)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၁၁)ဦးနဲ့ ပါကစ္စတန်နိုင်ငံသား (၁ဝ)ဦးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါဖမ်းဆီးခံရသူတွေက မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေ၊ ဗီဇာသက်တမ်းကုန်ဆုံးနေသူတွေပါဝင်နေကြောင်းသိရပါတယ်။ 


ဘင်္ဂလားဒေရှ့်ရွှေ့ပြောင်းအလုပ်သမားတွေက မလေးရှားအာဏာပိုင်များဟာ ပြန်လည်ချိန်ညှိခြင်းအစီအစဉ်များကိုလုပ်ဆောင်နေပေမယ့် ကြိုတင်ကြေညာခြင်းမရှိဘဲဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောဆိုပါတယ်။


အဆိုပါစီးနင်းဖမ်းဆီးမှုကို မလေးရှားရဲတပ်ဖွဲ့နဲ့အတူ မီးသတ်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ မလေးရှားအာဏာပိုင်တွေဟာ ကွာလာလမ်ပူမြို့အတွင်းတရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသူတွေကိုဖမ်းဆီးထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။


အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေဟာ ဒေသအတွင်းရှိနိုင်ငံများမှာသွားရောက်အလုပ်လုပ်ကိုင်ဖို့ ပိုမိုကြိုးပမ်းလာခဲ့ရာ ထိုင်းနဲ့မလေးရှားနိုင်ငံများကို တရားမဝင်ဝင်ရောက်ဖို့ ကြိုးပမ်းမှုများကြောင့် မကြာခဏဖမ်းဆီးခံရကြောင်းသိရပါတယ်။


zawgyi version

ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာအလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ ေ႐ႊ႕ေျပာင္းအလုပ္ သမား (၁၆ဝ)ေက်ာ္ကို မေလးရွားအာဏာပိုင္မ်ားဖမ္းဆီး

ဂ်န္ဇက္ (NP News) - ေမ ၂၈


မေလးရွား အာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကြာလာလမ္ပူၿမိဳ႕ Jalan Bukit Kiara အရပ္ေဒသရွိေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို စီးနင္းၿပီးေနာက္ တရားမဝင္အလုပ္လုပ္ကိုင္ေနတဲ့ ျပည္ပႏိုင္ငံသားမ်ားကို ဖမ္းဆီးခဲ့ရာ ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ ေ႐ႊ႕ေျပာင္းအလုပ္သမား (၁၆၂)ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း

သိရပါတယ္။ 


ဖမ္းဆီးခံရသူေတြထဲမွာ ဘဂၤလားေဒရွ႕္ႏိုင္ငံသား (၁၁၈)ဦး၊ ျမန္မာႏိုင္ငံသား (၂၃)ဦး၊ အင္ဒိုနီးရွားႏိုင္ငံသား (၁၁)ဦးနဲ႔ ပါကစၥတန္ႏိုင္ငံသား (၁ဝ)ဦးတို႔ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ အဆိုပါဖမ္းဆီးခံရသူေတြက မေလးရွားႏိုင္ငံကို တရားမဝင္ ဝင္ေရာက္လာသူေတြ၊ ဗီဇာသက္တမ္းကုန္ဆုံးေနသူေတြပါဝင္ေနေၾကာင္းသိရပါတယ္။ 


ဘဂၤလားေဒရွ႕္ေ႐ႊ႕ေျပာင္းအလုပ္သမားေတြက မေလးရွားအာဏာပိုင္မ်ားဟာ ျပန္လည္ခ်ိန္ညႇိျခင္းအစီအစဥ္မ်ားကိုလုပ္ေဆာင္ေနေပမယ့္ ႀကိဳတင္ေၾကညာျခင္းမရွိဘဲေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို ႐ုတ္တရက္ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုပါတယ္။


အဆိုပါစီးနင္းဖမ္းဆီးမႈကို မေလးရွားရဲတပ္ဖြဲ႕နဲ႔အတူ မီးသတ္ဌာန၊ လူဝင္မႈႀကီးၾကပ္ေရးဌာန၊ အလုပ္ သမားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား ပူးေပါင္းပါဝင္ကာ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ မေလးရွားအာဏာပိုင္ေတြဟာ ကြာလာလမ္ပူၿမိဳ႕အတြင္းတရားမဝင္ေနထိုင္ အလုပ္လုပ္ကိုင္ေနသူေတြကိုဖမ္းဆီးထိန္းသိမ္းမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။


အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံသားေတြဟာ ေဒသအတြင္းရွိႏိုင္ငံမ်ားမွာသြားေရာက္အလုပ္လုပ္ကိုင္ဖို႔ ပိုမိုႀကိဳးပမ္းလာခဲ့ရာ ထိုင္းနဲ႔မေလးရွားႏိုင္ငံမ်ားကို တရားမဝင္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းမႈမ်ားေၾကာင့္ မၾကာခဏဖမ္းဆီးခံရေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံအခြေစိုက် ရုရှားသံရုံးမှ ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

RELATED POSTS
RECENT POSTS
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved