ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီပေးခဲ့တယ်ဆိုတဲ့သတင်းတွေကို တောင်ကိုရီးယားစစ်ဘက် ငြင်းဆန်
ရောင်နီ (NP News) - မေ ၂၇
ယူကရိန်းကို အမေရိကန်နိုင်ငံမှတဆင့် စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ အမေရိကန်အခြေစိုက် Wall Street Journal ရဲ့ဖော်ပြချက်တွေကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရပါတယ်။
ယူကရိန်းကို စစ်လက်နက်တွေ ပေးပို့မှာမဟုတ်ဘူးဆိုခဲ့တဲ့ တောင်ကိုရီးယားဟာ အမေရိကန်နိုင်ငံရဲ့ လျှို့ဝှက်စီစဉ်ပေးမှုနဲ့အတူ ယူကရိန်းကို အမြောက်ကျည်ထောင်ပေါင်းများစွာ ပေးပို့ဖို့ သဘောတူခဲ့တယ်လို့ Wall Street Journal က ဒီသီတင်းပတ်အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်အရ တောင်ကိုရီးယားဟာ ယူကရိန်းကို ပို့ဆောင်မယ့် ခဲယမ်းတွေကို အမေရိကန်ထံ ပထမဆုံး ပို့ဆောင်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်များက ပြောကြားပါတယ်။
တောင်ကိုရီးယားဟာ ယူကရိန်းကို အကူအညီပေးပို့ဖို့ သဘောတူထားပေမယ့် အကူအညီလွှဲပြောင်းမှုကိုတော့ လက်ရှိအချိန်ထိ အတည်ပြုခြင်း မရှိသေးဘူးလို့သတင်းတွေထွက်ပေါ်နေပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျောင်ဟာကျူက WSJ မှဖော်ပြခဲ့တဲ့ အစီရင်ခံစာဟာ မဟုတ်မမှန် အချက်အလက်တွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
၎င်းက "ကျွန်တော်တို့ အစိုးရအနေနဲ့ ယူကရိန်းစစ်ပွဲနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်နေပါတယ်၊ သင့်လျော်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
တောင်ကိုးရီးယားဟာ အမေရိကန်နဲ့ သဘောတူညီချက်အရ လက်နက်ခဲယမ်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကပေးပို့ဖို့ ကနဦးသဘောတူညီချက်ကို မီဒီယာမှာဖော်ပြပြီးနောက် နောက်ပိုင်း ဆက်လက်လုပ်ဆောင်ခြင်းမရှိခဲ့ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်ဟာ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ဖြစ်ပေမယ့် ရင်းနှီးတဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ရဲ့တောင်းဆိုမှုကိုလည်း ငြင်း ဆန်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို စစ်လက် နက်ပစ္စည်းများ ကူညီပေးဖို့တောင်ကိုရီးယားကိုတောင်းဆိုနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်ကို သွားရောက်လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုလ်က ယူကရိန်းကို ထောက်ခံပြီး နိုင်ငံတကာစံနှုန်းနဲ့ နိုင်ငံတကာဥပဒေကို လိုက်နာကာ သင့်လျော်တဲ့ အစီအမံတွေအားလုံးကို လုပ်ဆောင်ဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။
zawgyi version
ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီေပးခဲ့တယ္ဆိုတဲ့သတင္းေတြကို ေတာင္ကိုရီးယားစစ္ဘက္ ျငင္းဆန္
ေရာင္နီ (NP News) - ေမ ၂၇
ယူကရိန္းကို အေမရိကန္ႏိုင္ငံမွတဆင့္ စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးခဲ့တယ္ဆိုတဲ့ အေမရိကန္အေျခစိုက္ Wall Street Journal ရဲ႕ေဖာ္ျပခ်က္ေတြကို ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။
ယူကရိန္းကို စစ္လက္နက္ေတြ ေပးပို႔မွာမဟုတ္ဘူးဆိုခဲ့တဲ့ ေတာင္ကိုရီးယားဟာ အေမရိကန္ႏိုင္ငံရဲ႕ လွ်ိဳ႕ဝွက္စီစဥ္ေပးမႈနဲ႔အတူ ယူကရိန္းကို အေျမာက္က်ည္ေထာင္ေပါင္းမ်ားစြာ ေပးပို႔ဖို႔ သေဘာတူခဲ့တယ္လို႔ Wall Street Journal က ဒီသီတင္းပတ္အေစာပိုင္းက ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ သေဘာတူညီခ်က္အရ ေတာင္ကိုရီးယားဟာ ယူကရိန္းကို ပို႔ေဆာင္မယ့္ ခဲယမ္းေတြကို အေမရိကန္ထံ ပထမဆုံး ပို႔ေဆာင္မွာျဖစ္တယ္လို႔ သတင္းရင္းျမစ္မ်ားက ေျပာၾကားပါတယ္။
ေတာင္ကိုရီးယားဟာ ယူကရိန္းကို အကူအညီေပးပို႔ဖို႔ သေဘာတူထားေပမယ့္ အကူအညီလႊဲေျပာင္းမႈကိုေတာ့ လက္ရွိအခ်ိန္ထိ အတည္ျပဳျခင္း မရွိေသးဘူးလို႔သတင္းေတြထြက္ေပၚေနပါတယ္။ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဂ်ာင္ဟာက်ဴက WSJ မွေဖာ္ျပခဲ့တဲ့ အစီရင္ခံစာဟာ မဟုတ္မမွန္ အခ်က္အလက္ေတြ ရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
၎က "ကြၽန္ေတာ္တို႔ အစိုးရအေနနဲ႔ ယူကရိန္းစစ္ပြဲနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ ရာ အေျခအေနေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ျပန္လည္သုံးသပ္ေနပါတယ္၊ သင့္ေလ်ာ္တဲ့ အစီအမံေတြကို လုပ္ေဆာင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
ေတာင္ကိုးရီးယားဟာ အေမရိကန္နဲ႔ သေဘာတူညီခ်က္အရ လက္နက္ခဲယမ္းေတြကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကတည္းကေပးပို႔ဖို႔ ကနဦးသေဘာတူညီခ်က္ကို မီဒီယာမွာေဖာ္ျပၿပီးေနာက္ ေနာက္ပိုင္း ဆက္လက္လုပ္ေဆာင္ျခင္းမရွိခဲ့ဘူးလို႔ အေမရိကန္ တာဝန္ရွိသူေတြက ေျပာပါတယ္။ ေတာင္ကိုရီးယားရဲ႕ ဆုံးျဖတ္ခ်က္ဟာ စစ္လက္နက္ပစၥည္းမဟုတ္တဲ့ အကူအညီေတြ ေပးအပ္ဖို႔ ျဖစ္ေပမယ့္ ရင္းႏွီးတဲ့ မဟာမိတ္ျဖစ္တဲ့ အေမရိကန္ရဲ႕ေတာင္းဆိုမႈကိုလည္း ျငင္း ဆန္ဖို႔ ခ်ီတုံခ်တုံ ျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ဟာ ယူကရိန္းကို စစ္လက္ နက္ပစၥည္းမ်ား ကူညီေပးဖို႔ေတာင္ကိုရီးယားကိုေတာင္းဆိုေနေၾကာင္းသတင္းေတြထြက္ေပၚေနပါတယ္။
ၿပီးခဲ့တဲ့လက အေမရိကန္ကို သြားေရာက္လည္ပတ္ခဲ့တဲ့ ေတာင္ကိုရီးယား သမၼတ ယြန္းဆက္ယိုလ္က ယူကရိန္းကို ေထာက္ခံၿပီး ႏိုင္ငံတကာစံႏႈန္းနဲ႔ ႏိုင္ငံတကာဥပေဒကို လိုက္နာကာ သင့္ေလ်ာ္တဲ့ အစီအမံေတြအားလုံးကို လုပ္ေဆာင္ဖို႔ ကတိျပဳခဲ့တယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အရန်ငွေများတွင် အမေရိကန်ဒေါ်လာ၏ ရှယ်ယာနှုန်းများ (၂၈)နှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ