Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့အရန်ငွေများတွင် အမေရိကန်ဒေါ်လာ၏ ရှယ်ယာနှုန်းများ (၂၈)နှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်း

Pika (NP News) - မေ ၂၇

ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများ၏ အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချမှု အစီအစဉ်သည် ပိုမိုအရှိန်မြင့်လာပြီဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ နောက်ဆုံးရ အချက်အလက်များအရသိရသည်။

ကမ္ဘာတစ်ဝှမ်းရှိ တရားဝင် ရွှေနှင့် နိုင်ငံခြားအရန်ငွေများတွင် အမေရိကန်ဒေါ်လာ၏ ရှယ်ယာများသည် (၂ဝ၂၂)ခုနှစ်တွင် (၅၈)ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး နှစ်ပေါင်း(၃ဝ)အတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း (IMF)အဖွဲ့၏ စာရင်းဇယားများအရသိရသည်။ ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချရေးသည် ပိုမိုအရှိန်မြင့်တက်လာပြီး နိုင်ငံတကာဗဟိုဘဏ်များ၏ နိုင်ငံခြားအရန်ငွေများတွင် အမေရိကန်ဒေါ်လာ၏ ရှယ်ယာနှုန်းသည် (၁၉၉၅)ခုနှစ်ကရှိခဲ့သော ရှယ်ယာနှုန်းများအတိုင်းရှိလာခဲ့ကြောင်းသိရသည်။ အမေရိကန်ကြွေးမြီးများ ပိုမိုများပြားလာမှုနှင့်အတူ ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချလာခြင်းများကြောင့်  အမေရိကန်ဒေါ်လာ၏ ရပ်တည်မှုသည် ပြီးခဲ့သည့်နှစ်များအတွင်းတဖြည်းဖြည်းယိုယွင်းလာခဲ့ကြောင်းသိရသည်။

ငွေလွှဲနှုန်းအတွက် ချိန်ညှိသည့်အခါတွင် အဆိုပါအပြောင်းအလဲသည် ပိုမိုသိသာထင်ရှားကြောင်း Eurizon SLJ Capital Limited ကုမ္ပဏီ၏ စီအီးအို စတီဖင်ဂျန်ကပြောကြားခဲ့သည်။ စတီဖင်ဂျန်က"(၂ဝ၂၂)ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာတွေက တကယ့်လက်တွေ့မှာတော့ ဒေါ်လာရှယ်ယာတန်ဖိုးတွေ သိသိသာသာထိုးကျသွားတာပါ"ဟုပြောဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ Forex လွှဲပြောင်းမှုများတွင် တရုတ်နိုင်ငံသုံးငွေကြေးယွမ်၏ ရှယ်ယာသည် ပြီးခဲ့သည့် (၁၅)နှစ်ခန့်တွင် သုညရာခိုင်နှုန်းသာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် (၇)ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်း  Bank for International Settlements (BIS)၏ ပြောဆိုချက်အရသိရသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ဗဟိုဘဏ်များသည် ၎င်းတို့၏ပိုင်ဆိုင်မှုများကို ကွဲပြားစေရန်အတွက် ကော်ပိုရိတ်ကြွေးမြီးများ၊အိမ်ခြံမြေကဲ့သို့ မြင်သာထင်သာရှိသောပိုင်ဆိုင်မှုများနှင့် အခြားငွေကြေးများကို ရှာဖွေနေကြောင်း ၎င်းကပြောကြားခဲ့သည်။

Toscafund Hong Kong ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မာ့ခ်တင်ကာက"ဒါကဆောင်ရွက်နေဆဲ လုပ်ငန်းစဉ်တစ်ခုပါ။ ကမ္ဘာ့စနစ်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှုက ပိုမိုနည်းပါးလာတော့မှာပါ"ဟုပြောဆိုခဲ့သည်။


zawgyi version


Pika (NP News) - မေ ၂၇







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘောဒီးယားအစိုးရက မြန်မာနိုင်ငံကို ကိုဗစ်(၁၉)ကာကွယ်ဆေး(၁)သန်းနှင့်ဆေးဘက်ဆိုင်ရာ ပစ္စည်းများလှူဒါန်း

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved