Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘောဒီးယားအစိုးရက မြန်မာနိုင်ငံကို ကိုဗစ်(၁၉)ကာကွယ်ဆေး(၁)သန်းနှင့်ဆေးဘက်ဆိုင်ရာ ပစ္စည်းများလှူဒါန်း

Pika (NP News) - မေ ၂၇

ကမ္ဘောဒီးယားအစိုးရသည် မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉)ကပ်ရောဂါကို တိုက်ဖျက်ရာ၌ ကူညီရန်အတွက်  Sinovac ကိုဗစ်(၁၉)ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ်များကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်(၁၉)ကာကွယ်ဆေးများကို မေလ(၂၆)ရက်က မြန်မာနိုင်ငံသို့ပေးပို့ခဲ့ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရော့ခ်ဆမ်ဘတ်က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်ဟွန်ဆန်၏ လမ်းညွှန်ချက်များအတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးများကို မြန်မာနိုင်ငံသို့ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၎င်းက "မြန်မာနိုင်ငံကို ကာကွယ်ဆေးလှူဒါန်းတာတွေက ဒါကပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒါက လေးကြိမ်မြောက်ပါ။ မြန်မာနိုင်ငံကို အောက်ဆီဂျင်နဲ့ ကာကွယ်ဆေးတွေအပါအဝင် ဆေးဘက်ဆိုင်ရာကိရိယာတွေကို ယခင်ကတည်းကပံ့ပိုးပေးခဲ့ပါတယ်။ ဒီကာကွယ်ဆေးတွေက မြန်မာနိုင်ငံသားတွေမှာ ကိုဗစ်(၁၉)ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်"ဟုပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားအစိုးရသည် လာအိုနှင့်ဗီယက်နမ်အပြင် အခြားနိုင်ငံများကိုလည်း အလားတူလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ရော့ခ်ဆမ်ဘတ်ကပြောကြားခဲ့သည်။ ၎င်းက"ဒါကလူသားချင်းစာနာတဲ့ အကူအညီပါပဲ။ ကျွန်မတို့နိုင်ငံမှာ ရောဂါဖြစ်ပွားမှုကို တားဆီးနိုင်ရင်တောင် အိမ်နီးချင်းနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးရှိနေသေးရင် အန္တရာယ်ရှိနေတုန်းပဲလို့ ဝန်ကြီးချုပ်ဟွန်ဆန်ကပြောပါတယ်။ အဲဒါကြောင့် ကာကွယ်ဆေးတွေကို ကျွန်မတို့ မျှဝေလှူဒါန်းနေတာပါ"ဟုပြောဆိုခဲ့သည်။

အဆိုပါကာကွယ်ဆေးများကို မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအေးထွန်းက လက်ခံခဲ့ပြီး လှူဒါန်းမှုသည် ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ကြင်နာမှုကို ပြသခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။ 

ဒုဝန်ကြီးဦးအေးထွန်းက"ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အသက်ကို ကယ်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ၂ဝ၂၁ ခုနှစ်တုန်းက ကိုဗစ်(၁၉)ရောဂါပျံ့နှံ့မှုကို တားဆီးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံထံကနေ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကိုလည်းလက်ခံရရှိခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။

ကိုဗစ်(၁၉)ရောဂါသည် မြန်မာနိုင်ငံကို အခက်ခဲဆုံးအချိန်သို့ ရောက်ရှိသွားစေခဲ့သော်လည်း ယင်းအချိန်များတွင် စစ်မှန်သောမိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကို ထွက်ပေါ်လာစေခဲ့ကြောင်း ၎င်းကမှတ် ချက်ပြုပြောဆိုခဲ့သည်။


zawgyi version

ကေမာၻဒီးယားအစိုးရက ျမန္မာႏိုင္ငံကို ကိုဗစ္(၁၉)ကာကြယ္ေဆး(၁)သန္းႏွင့္ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားလႉဒါန္း

Pika (NP News) - ေမ ၂၇

ကေမာၻဒီးယားအစိုးရသည္ ျမန္မာႏိုင္ငံတြင္ ကိုဗစ္(၁၉)ကပ္ေရာဂါကို တိုက္ဖ်က္ရာ၌ ကူညီရန္အတြက္  Sinovac ကိုဗစ္(၁၉)ကာကြယ္ေဆးတစ္သန္းႏွင့္ ေဆးထိုးအပ္မ်ားကို လႉဒါန္းေပးခဲ့ေၾကာင္းသိရသည္။

ကိုဗစ္(၁၉)ကာကြယ္ေဆးမ်ားကို ေမလ(၂၆)ရက္က ျမန္မာႏိုင္ငံသို႔ေပးပို႔ခဲ့ေၾကာင္း ကေမာၻဒီးယားက်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူေရာ့ခ္ဆမ္ဘတ္က ေျပာၾကားခဲ့သည္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္၏ လမ္းၫႊန္ခ်က္မ်ားအတိုင္း က်န္းမာေရးဝန္ႀကီးဌာနက ကာကြယ္ေဆးမ်ားကို ျမန္မာႏိုင္ငံသို႔ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။

၎က "ျမန္မာႏိုင္ငံကို ကာကြယ္ေဆးလႉဒါန္းတာေတြက ဒါကပထမဆုံးအႀကိမ္မဟုတ္ပါဘူး။ ဒါက ေလးႀကိမ္ေျမာက္ပါ။ ျမန္မာႏိုင္ငံကို ေအာက္ဆီဂ်င္နဲ႔ ကာကြယ္ေဆးေတြအပါအဝင္ ေဆးဘက္ဆိုင္ရာကိရိယာေတြကို ယခင္ကတည္းကပံ့ပိုးေပးခဲ့ပါတယ္။ ဒီကာကြယ္ေဆးေတြက ျမန္မာႏိုင္ငံသားေတြမွာ ကိုဗစ္(၁၉)ဗိုင္းရပ္စ္ျပန႔္ပြားမႈကို တားဆီးႏိုင္မယ္လို႔ ကြၽန္မတို႔ ေမွ်ာ္လင့္ပါတယ္"ဟုေျပာဆိုခဲ့သည္။

ကေမာၻဒီးယားအစိုးရသည္ လာအိုႏွင့္ဗီယက္နမ္အျပင္ အျခားႏိုင္ငံမ်ားကိုလည္း အလားတူလႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေရာ့ခ္ဆမ္ဘတ္ကေျပာၾကားခဲ့သည္။ ၎က"ဒါကလူသားခ်င္းစာနာတဲ့ အကူအညီပါပဲ။ ကြၽန္မတို႔ႏိုင္ငံမွာ ေရာဂါျဖစ္ပြားမႈကို တားဆီးႏိုင္ရင္ေတာင္ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ဗိုင္းရပ္စ္ပိုးရွိေနေသးရင္ အႏၲရာယ္ရွိေနတုန္းပဲလို႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေျပာပါတယ္။ အဲဒါေၾကာင့္ ကာကြယ္ေဆးေတြကို ကြၽန္မတို႔ မွ်ေဝလႉဒါန္းေနတာပါ"ဟုေျပာဆိုခဲ့သည္။

အဆိုပါကာကြယ္ေဆးမ်ားကို ျမန္မာႏိုင္ငံက်န္းမာေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေအးထြန္းက လက္ခံခဲ့ၿပီး လႉဒါန္းမႈသည္ ေဒသတြင္းစည္းလုံးညီၫြတ္မႈႏွင့္ ၾကင္နာမႈကို ျပသခဲ့ျခင္းျဖစ္ေၾကာင္း မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။ 

ဒုဝန္ႀကီးဦးေအးထြန္းက"ပထမဆုံးအေနနဲ႔ ျမန္မာႏိုင္ငံသားေတြရဲ႕ အသက္ကို ကယ္ခဲ့တဲ့ ကေမာၻဒီးယားႏိုင္ငံကိုေက်းဇူးတင္ေၾကာင္းေျပာလိုပါတယ္။ ၂ဝ၂၁ ခုႏွစ္တုန္းက ကိုဗစ္(၁၉)ေရာဂါပ်ံ႕ႏွံ႔မႈကို တားဆီးဖို႔အတြက္ ကေမာၻဒီးယားႏိုင္ငံထံကေန ေဆးဘက္ဆိုင္ရာပစၥည္းေတြကိုလည္းလက္ခံရရွိခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။

ကိုဗစ္(၁၉)ေရာဂါသည္ ျမန္မာႏိုင္ငံကို အခက္ခဲဆုံးအခ်ိန္သို႔ ေရာက္ရွိသြားေစခဲ့ေသာ္လည္း ယင္းအခ်ိန္မ်ားတြင္ စစ္မွန္ေသာမိတ္ေဆြမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားကို ထြက္ေပၚလာေစခဲ့ေၾကာင္း ၎ကမွတ္ ခ်က္ျပဳေျပာဆိုခဲ့သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးကို PPST ၏ ဦးဆောင်နာယကအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးရေး ကမ်းလှမ်းရန်ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved