Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးကို PPST ၏ ဦးဆောင်နာယကအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးရေး ကမ်းလှမ်းရန်ရှိ

မျိုးကြီး (NP News) - မေ ၂၇

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးအား PPST ၏ ဦးဆောင်နာယကအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးရေး ကမ်းလှမ်းသွားရန်ရှိကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကို ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)သည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း၌ ၎င်းအား ဦးဆောင်နာယကအဖြစ် ပါဝင်ကူညီပေးရန် ကမ်းလှမ်းခဲ့ဖူးသည်။

“ပြီးခဲ့တဲ့နှစ်ကစပြီးတော့ PPST ထဲမှာပေါ့လေ အဖိုးမူတူးစေးဖိုးကို ဦးဆောင်နာယကအနေနဲ့ ပြန်လည်ပြီးတော့ ကူညီဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ကမ်းလှမ်းမှုတွေလုပ်ခဲ့တာ မှန်ပါတယ်။ သို့သော်လည်း အဲဒီအချိန်တုန်းက အဖိုးမူတူးစေးဖိုးကလည်း KNU ထဲမှာဥက္ကဋ္ဌ တာဝန်ယူထားတဲ့အတွက် အဖွဲ့အစည်းရဲ့အခြေအနေအရ ပါဝင်ဖို့ နာယကအဖြစ် ဆောင်ရွက်ပေးဖို့ အဆင်သင့်တော့ မဖြစ်ဘူးဆိုတာကို ကျွန် တော်တို့ကို ပြန်ပြီးတော့ အကြောင်းကြားပါတယ်” ဟု PPST ၏ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

လက်ရှိတွင် စောမူတူးစေးဖိုးသည် KNU ဥက္ကဋ္ဌအဖြစ်မှ အနားယူလိုက်ပြီဖြစ်သည့်အတွက် PPST ၌ ဦးဆောင်နာယကအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးရေး ကမ်းလှမ်းသွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

“အခုလက်ရှိမှာတော့ KNU မှာ ရွေးကောက်ပွဲပြီးပြီ။ အဖိုးမူတူးစေးဖိုးကလည်း အဖွဲ့အစည်းရဲ့ အကြီးပိုင်းဥက္ကဋ္ဌတာဝန်ကို အနားယူလိုက်ပြီဆိုတော့ ကျွန်တော်တို့ PPST ကြားထဲမှာလည်း စဉ်းစားမှုရှိပါတယ်။ နဂိုကမ်းလှမ်းထားတဲ့ ဦးဆောင်နာယကကို သူ့အနေနဲ့ ပါဝင်ကူညီဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းဖို့ စဉ်းစားချက်တော့ ရှိပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ထပ်မံပြောဆိုထားသည်။

ပြီးခဲ့သော ၂ဝ၁၅ ခုနှစ်အတွင်း NCA ကိုအခြေခံကာ ဖွဲ့စည်းခဲ့သော PPST ၌ KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးအနေဖြင့် အဖွဲ့ ခေါင်းဆောင်အဖြစ် ပထမဆုံးဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

“ပထမဆုံးဦးဆောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်သလို သူ့ရဲ့ဆောင်ရွက်ချက်အောက်မှာပဲ NCA အကောင်အထည်ဖော်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုတွေရရှိခဲ့တဲ့ လုပ်ဆောင်မှုတွေရှိတယ်”ဟု PPST ၏ ပြောခွင့်ရက ဆိုသည်။

PPST ကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KNU၊ RCSS၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP၊ KNU/KNLA-PC၊ ABSDF၊ CNF တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် PPST ၌တင်းပြည့်ကျပ်ပြည့်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အစည်းအဖွဲ့သည် (၆)ဖွဲ့သာရှိတော့ကြောင်း သိရှိရသည်။


zawgyi version

KNU ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုးကို PPST ၏ ဦးေဆာင္နာယကအျဖစ္ ပါဝင္ကူညီေဆာင္႐ြက္ေပးေရး ကမ္းလွမ္းရန္ရွိ 

မ်ိဳးႀကီး (NP News) - ေမ ၂၇

KNU ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုးအား PPST ၏ ဦးေဆာင္နာယကအျဖစ္ ပါဝင္ကူညီေဆာင္႐ြက္ေပးေရး ကမ္းလွမ္းသြားရန္ရွိေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကို ေျပာသည္။

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST)သည္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း၌ ၎အား ဦးေဆာင္နာယကအျဖစ္ ပါဝင္ကူညီေပးရန္ ကမ္းလွမ္းခဲ့ဖူးသည္။

“ၿပီးခဲ့တဲ့ႏွစ္ကစၿပီးေတာ့ PPST ထဲမွာေပါ့ေလ အဖိုးမူတူးေစးဖိုးကို ဦးေဆာင္နာယကအေနနဲ႔ ျပန္လည္ၿပီးေတာ့ ကူညီေဆာင္႐ြက္ေပးဖို႔ ကြၽန္ေတာ္တို႔ ကမ္းလွမ္းမႈေတြလုပ္ခဲ့တာ မွန္ပါတယ္။ သို႔ေသာ္လည္း အဲဒီအခ်ိန္တုန္းက အဖိုးမူတူးေစးဖိုးကလည္း KNU ထဲမွာဥကၠ႒ တာဝန္ယူထားတဲ့အတြက္ အဖြဲ႕အစည္းရဲ႕အေျခအေနအရ ပါဝင္ဖို႔ နာယကအျဖစ္ ေဆာင္႐ြက္ေပးဖို႔ အဆင္သင့္ေတာ့ မျဖစ္ဘူးဆိုတာကို ကြၽန္ ေတာ္တို႔ကို ျပန္ၿပီးေတာ့ အေၾကာင္းၾကားပါတယ္” ဟု PPST ၏ေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။

လက္ရွိတြင္ ေစာမူတူးေစးဖိုးသည္ KNU ဥကၠ႒အျဖစ္မွ အနားယူလိုက္ၿပီျဖစ္သည့္အတြက္ PPST ၌ ဦးေဆာင္နာယကအျဖစ္ ပါဝင္ကူညီေဆာင္႐ြက္ေပးေရး ကမ္းလွမ္းသြားရန္ရွိေၾကာင္း ၎က ဆိုသည္။

“အခုလက္ရွိမွာေတာ့ KNU မွာ ေ႐ြးေကာက္ပြဲၿပီးၿပီ။ အဖိုးမူတူးေစးဖိုးကလည္း အဖြဲ႕အစည္းရဲ႕ အႀကီးပိုင္းဥကၠ႒တာဝန္ကို အနားယူလိုက္ၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ PPST ၾကားထဲမွာလည္း စဥ္းစားမႈရွိပါတယ္။ နဂိုကမ္းလွမ္းထားတဲ့ ဦးေဆာင္နာယကကို သူ႔အေနနဲ႔ ပါဝင္ကူညီေဆာင္႐ြက္ေပးဖို႔ ကြၽန္ေတာ္တို႔ ဆက္လက္ႀကိဳးပမ္းဖို႔ စဥ္းစားခ်က္ေတာ့ ရွိပါတယ္”ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ထပ္မံေျပာဆိုထားသည္။

ၿပီးခဲ့ေသာ ၂ဝ၁၅ ခုႏွစ္အတြင္း NCA ကိုအေျခခံကာ ဖြဲ႕စည္းခဲ့ေသာ PPST ၌ KNU ဥကၠ႒ေစာမူတူးေစးဖိုးအေနျဖင့္ အဖြဲ႕ ေခါင္းေဆာင္အျဖစ္ ပထမဆုံးေဆာင္႐ြက္ခဲ့ဖူးေၾကာင္း သိရသည္။

“ပထမဆုံးဦးေဆာင္ ေဆာင္႐ြက္ခဲ့တဲ့ ပုဂၢိဳလ္ျဖစ္သလို သူ႔ရဲ႕ေဆာင္႐ြက္ခ်က္ေအာက္မွာပဲ NCA အေကာင္အထည္ေဖာ္တဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ လုပ္ေဆာင္မႈေတြရွိတယ္”ဟု PPST ၏ ေျပာခြင့္ရက ဆိုသည္။

PPST ကို NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ KNU၊ RCSS၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP၊ KNU/KNLA-PC၊ ABSDF၊ CNF တို႔ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

သို႔ေသာ္ လက္ရွိတြင္ PPST ၌တင္းျပည့္က်ပ္ျပည့္ပါဝင္သည့္ တိုင္းရင္းသားလက္နက္ကိုင္အစည္းအဖြဲ႕သည္ (၆)ဖြဲ႕သာရွိေတာ့ေၾကာင္း သိရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်ဝမ်အပေါ် တရုတ်၏ ဖြစ်နိုင်ချေရှိသောတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ပြင်ဆင်ရမည့်အရာများကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved