Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်ဝမ်အပေါ် တရုတ်၏ ဖြစ်နိုင်ချေရှိသောတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ပြင်ဆင်ရမည့်အရာများကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန်

Pika (NP News) - မေ ၂၇

ထိုင်ဝမ်ကို တိုက်ခိုက်လာနိုင်သည့် တရုတ်၏ ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုများကို အမေရိကန်အစိုးရအနေဖြင့် မည်သို့လုပ်ဆောင်သင့်သည်ဆိုသော အကြံပြုအဆိုပြုချက်စာရင်းတစ်ခုကို အမေရိကန်လွှတ်တော်အမတ်များက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အမေရိကန်လွှတ်တော်အမတ်များ၏ ထုတ်ပြန်ချက်ထဲတွင် ထိုင်ဝမ်သို့ အမေရိကန်ထုတ်လက်နက်များ ပိုမိုရောင်းချရန်နှင့် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကျက်ချထားပေးရန် အမေရိကန်အစိုးရကို တိုက်တွန်းတောင်းဆိုထားသည့်အချက်လည်းပါဝင်ကြောင်းသိရသည်။ အမေရိကန်အောက်လွှတ်တော်သည် တရုတ်ကွန်မြူနစ်ပါတီအပေါ် ရည်ရွယ်သည့် စာတမ်းတစ်စောင်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ထဲတွင် ထိုင်ဝမ်အပေါ် တရုတ်၏ ရန်လိုသောအပြုအမူများကို ရပ်တန့်ရန် မည်သို့လုပ်ဆောင်ရမည်ဆိုသော အချက်ကိုလည်းထည့်သွင်းထားကြောင်းသိရသည်။ 

အမေရိကန် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများအနေဖြင့်  အင်ဒို-ပစိဖိတ်ဒေသတွင် တာဝေးပစ်ဒုံးကျည်များနှင့် ဒရုန်းများ ထပ်မံဖြန့်ကျက်ချထားရန်အတွက် ထုတ်လုပ်မှုများ ပိုမိုလုပ်ဆောင်ရန် အမေရိကန်လွှတ်တော်အမတ်များက တိုက်တွန်းထားကြောင်းသိရသည်။ အမေရိကန်လွှတ်တော်အမတ်များက တိုက်ခိုက်မှုများဖြစ်လာမည်ဆိုလျှင် လိုအပ်သော လက်နက်အရေအတွက်ကို လျင်မြန်စွာထုတ် လုပ်နိုင်ရန်အတွက် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများ ပြင်ဆင်ထားရမည်ဟု တိုက်တွန်းထားသည်။ ထို့ပြင် ထိုင်ဝမ်အနေဖြင့် အမေရိကန်အောက်လွှတ်တော်က ရောင်းချရန် ခွင့်ပြုထားသော အမေရိကန်၏ အဓိက စစ်လက်နက်ပစ္စည်းများကို အလျင်အမြန်ရရှိရန်လိုအပ်ကြောင်း အမေရိကန်လွှတ်တော်အမတ်များက အကြုံပြုထားသည်။

ထိုင်ဝမ်သည် အမေရိကန်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ(၁၉)ဘီလျံတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရယူရန် သဘောတူညီထားကြောင်းသိရသည်။ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်များက အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အနေဖြင့် ယူကရိန်းသို့ လက်နက်များလွှဲပြောင်းရာတွင် တွေ့ကြုံရသော အတွေ့အကြုံများကို သင်ခန်းစာယူပြီး ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများတင်ပို့သင့်ကြောင်း တိုက်တွန်းထားသည်။ 

ထိုင်ဝမ်ကို ၎င်း၏အချုပ်အခြာပိုင်နက်အဖြစ် သတ်မှတ်ထားသော တရုတ်သည် ထိုင်ဝမ်သို့ အမေရိကန် ၏လက်နက်ရောင်းချမှုများ၊ တိုက်ရိုက်သံတမန်ဆက်ဆံရေးများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို အကြိမ်ကြိမ်ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထိုင်ဝမ်သို့အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ သွားရောက်လည်ပတ်ခဲ့ပြီးနောက် တရုတ်သည် ထိုင်ဝမ်ရေလက် ကြားတွင် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်းသိရသည်။ 

ထို့ပြင် ပြီးခဲ့သည့်လက ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသစ်ကီဗင်မက်ကာသီတို့ ကယ်လီဖိုးနီးယားတွင် တွေ့ဆုံခဲ့ပြီးနောက် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်းသိရသည်။


zawgyi version

ထိုင္ဝမ္အေပၚ တ႐ုတ္၏ ျဖစ္ႏိုင္ေခ်ရွိေသာတိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္ၿပီး ျပင္ဆင္ရမည့္အရာမ်ားကို အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ထုတ္ျပန္

Pika (NP News) - ေမ ၂၇

ထိုင္ဝမ္ကို တိုက္ခိုက္လာႏိုင္သည့္ တ႐ုတ္၏ ျဖစ္ႏိုင္ေခ်ရွိေသာ တိုက္ခိုက္မႈမ်ားကို အေမရိကန္အစိုးရအေနျဖင့္ မည္သို႔လုပ္ေဆာင္သင့္သည္ဆိုေသာ အႀကံျပဳအဆိုျပဳခ်က္စာရင္းတစ္ခုကို အေမရိကန္လႊတ္ေတာ္အမတ္မ်ားက ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။

အေမရိကန္လႊတ္ေတာ္အမတ္မ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ ထိုင္ဝမ္သို႔ အေမရိကန္ထုတ္လက္နက္မ်ား ပိုမိုေရာင္းခ်ရန္ႏွင့္ တာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္က်က္ခ်ထားေပးရန္ အေမရိကန္အစိုးရကို တိုက္တြန္းေတာင္းဆိုထားသည့္အခ်က္လည္းပါဝင္ေၾကာင္းသိရသည္။ အေမရိကန္ေအာက္လႊတ္ေတာ္သည္ တ႐ုတ္ကြန္ျမဴနစ္ပါတီအေပၚ ရည္႐ြယ္သည့္ စာတမ္းတစ္ေစာင္ကို ယခုသီတင္းပတ္အတြင္း ထုတ္ျပန္ခဲ့ၿပီး ယင္းထုတ္ျပန္ခ်က္ထဲတြင္ ထိုင္ဝမ္အေပၚ တ႐ုတ္၏ ရန္လိုေသာအျပဳအမူမ်ားကို ရပ္တန႔္ရန္ မည္သို႔လုပ္ေဆာင္ရမည္ဆိုေသာ အခ်က္ကိုလည္းထည့္သြင္းထားေၾကာင္းသိရသည္။ 

အေမရိကန္ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရး ကုမၸဏီမ်ားအေနျဖင့္  အင္ဒို-ပစိဖိတ္ေဒသတြင္ တာေဝးပစ္ဒုံးက်ည္မ်ားႏွင့္ ဒ႐ုန္းမ်ား ထပ္မံျဖန႔္က်က္ခ်ထားရန္အတြက္ ထုတ္လုပ္မႈမ်ား ပိုမိုလုပ္ေဆာင္ရန္ အေမရိကန္လႊတ္ေတာ္အမတ္မ်ားက တိုက္တြန္းထားေၾကာင္းသိရသည္။ အေမရိကန္လႊတ္ေတာ္အမတ္မ်ားက တိုက္ခိုက္မႈမ်ားျဖစ္လာမည္ဆိုလွ်င္ လိုအပ္ေသာ လက္နက္အေရအတြက္ကို လ်င္ျမန္စြာထုတ္ လုပ္ႏိုင္ရန္အတြက္ လက္နက္ထုတ္လုပ္ေရးကုမၸဏီမ်ား ျပင္ဆင္ထားရမည္ဟု တိုက္တြန္းထားသည္။ ထို႔ျပင္ ထိုင္ဝမ္အေနျဖင့္ အေမရိကန္ေအာက္လႊတ္ေတာ္က ေရာင္းခ်ရန္ ခြင့္ျပဳထားေသာ အေမရိကန္၏ အဓိက စစ္လက္နက္ပစၥည္းမ်ားကို အလ်င္အျမန္ရရွိရန္လိုအပ္ေၾကာင္း အေမရိကန္လႊတ္ေတာ္အမတ္မ်ားက အႀကဳံျပဳထားသည္။

ထိုင္ဝမ္သည္ အေမရိကန္ႏိုင္ငံထံမွ အေမရိကန္ေဒၚလာ(၁၉)ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ ပစၥည္းမ်ား ရယူရန္ သေဘာတူညီထားေၾကာင္းသိရသည္။ အေမရိကန္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္အေနျဖင့္ ယူကရိန္းသို႔ လက္နက္မ်ားလႊဲေျပာင္းရာတြင္ ေတြ႕ႀကဳံရေသာ အေတြ႕အႀကဳံမ်ားကို သင္ခန္းစာယူၿပီး ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ားတင္ပို႔သင့္ေၾကာင္း တိုက္တြန္းထားသည္။ 

ထိုင္ဝမ္ကို ၎၏အခ်ဳပ္အျခာပိုင္နက္အျဖစ္ သတ္မွတ္ထားေသာ တ႐ုတ္သည္ ထိုင္ဝမ္သို႔ အေမရိကန္ ၏လက္နက္ေရာင္းခ်မႈမ်ား၊ တိုက္႐ိုက္သံတမန္ဆက္ဆံေရးမ်ားအပါအဝင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အႀကိမ္ႀကိမ္ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လတြင္ ထိုင္ဝမ္သို႔အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီ သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ တ႐ုတ္သည္ ထိုင္ဝမ္ေရလက္ ၾကားတြင္ စစ္ေရးေလ့က်င့္မႈမ်ားကို ပိုမိုလုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။ 

ထို႔ျပင္ ၿပီးခဲ့သည့္လက ထိုင္ဝမ္သမၼတဆိုင္အမ္ဝမ္ႏွင့္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒သစ္ကီဗင္မက္ကာသီတို႔ ကယ္လီဖိုးနီးယားတြင္ ေတြ႕ဆုံခဲ့ၿပီးေနာက္ တ႐ုတ္သည္ ထိုင္ဝမ္ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ား ထပ္မံလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘီးလင်းမြို့နယ်၌ ကျေးရွာလုံခြုံရေးကူညီဆောင်ရွက်ပေးသူ၏နေအိမ် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရကာ ကျောင်းသား(၂)ဦး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved